လူထုဆန္ဒဖြည့်ဆည်းဖို့ တိုင်းနဲ့ြ့ပည်နယ် အစိုးရအဖွဲ့ဝင်တွေ ပြောင်းလဲတာလို့ NLD ဆို

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့နဲ့ ဝန်ကြီးတချို့ အပြောင်းအလဲလုပ်တာဟာ NLD ဦးဆောင်တဲ့အစိုးရအပေါ် ပြည်သူလူထု အားမလိုအားမရဖြစ်နေတာကို ပြုပြင်ပြောင်း လဲဖို့ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။

ရာထူးမှနုတ်ထွက်လိုက်တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကို တွေ့ရစဉ် Photo: Thiha Tun/ RFA

တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့နဲ့ ဝန်ကြီးတချို့ အပြောင်းအလဲလုပ်တာဟာ NLD ဦးဆောင်တဲ့အစိုးရအပေါ် ပြည်သူလူထု အားမလိုအားမရဖြစ်နေတာကို ပြုပြင်ပြောင်းလဲဖို့ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးမျိုးညွန့် က အခုလိုပြောတာပါ။

"ပြည်သူလူထုအနေနဲ့ ကျနော်တို့ NLD ဦးဆောင်တဲ့ အစိုးရရဲ့စွမ်းဆောင်မှုကို အားမလိုအားမရဖြစ်နေတယ်၊ အစိုးရအဖွဲ့ရဲ့စွမ်းဆောင်မှုတွေကို တိုးမြှင့်လာဖို့အတွက် ပိုပြီးတော့ ထက်ထက်မြက်မြက်လုပ်နိုင်ဖို့ ကျနော်တို့ လုပ်ဆောင်တဲ့ အစိတ်အပိုင်းတခုပါပဲ ခင်ဗျ"

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်ဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တိုင်းဝန်ကြီး ဦးဘဟိန်း ကို မိမိတို့သဘောအလျှောက် နှုတ်ထွက်ခွင့် ပြုလိုက်တဲ့အကြောင်း သမ္မတဦးထင်ကျော် လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခြားတိုင်းနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေလည်း အပြောင်းအလဲရှိသေးတယ်လို့ NLD ပါတီ အသိုင်းအဝိုင်းကနေတဆင့် သိရပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးမျိုးညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org