ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းသစ် ဆွေးနွေးတိုင်ပင်မယ်
အင်န်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ အသုံးပြုမယ့် တေးသီချင်းအသစ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆို/အတီး အနုပညာရှင်တွေ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ တွေ့ဆုံပွဲကို တက်ရောက်မယ့် ဟစ်ပ်ဟော့ အဆိုတော် ကိုဇေယျာသော်က ပြောပါတယ်။
-
2011-11-24 -
-
-
အင်န်အယ်လ်ဒီ ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း စပ်ဆိုမည့် ဂီတပညာရှင် ကိုရဲလွင်နှင့် တေးသံရှင်များကို ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် စင်တင်တေးဂီတဝိုင်းတွင် အတူတွေ့မြင်ရစဉ်။
NLD
အင်န်အယ်လ်ဒီ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် စပ်ဆိုဖို့ ဂီတပညာရှင်တွေ ဖြစ်ကြတဲ့ မစ္ဇျိမလှိုင်း ကိုရဲလွင်၊ ကိုသားထွေး ၊ ဆောင်းဦးလှိုင်နဲ့ အခြားဂီတ ပညာရှင်တွေအပြင် အဆိုတော်တွေဖြစ်ကြတဲ့ အနဂ္ဂ၊ သံသာဝင်း၊ မီးမီးခ၊ဲ ထူးအယ်လင်းနဲ့ တခြား အဆိုတော်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
၁၉၉၀ မေလ ရွေးကောက်ပွဲ ကာလတုန်းက အင်န်အယ်လ်ဒီ ပါတီရဲ့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်း နာမည်ကြီးခဲ့ပါတယ်။