NLD နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပ

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကနေ ရွေးချယ်လိုက်တဲ့ လူငယ်ကိုယ်စား လှယ်တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အင်အားဖြစ်တယ်လို့ ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

အန်အယ်လ်ဒီပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပစဉ် Photo: Win Ko Ko Latt/RFA

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကနေ ရွေးချယ်လိုက်တဲ့ လူငယ်ကိုယ်စားလှယ်တွေဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အင်အားဖြစ်တယ်လို့ ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ကျင်းပခဲ့တာဖြစ်ပြီး ဦးဝင်းထိန်က အခုလို ပြောပါတယ်။

"၂၀၁၈ မှာရွေးတဲ့ လူငယ်တွေဟာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အခြေခံအုတ်မြစ်ပဲ။ အဲတော့ သူတို့အင်အားနဲ့ ၂၀၂၀ ကို တွန်းရမယ်။ ခုန ကျနော်ပြောသလို ပိရမစ်ပေါ့။ အပေါ်က ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ သဘာပတိ CEC၊ နောက် တိုင်းနဲ့ပြည်နယ်ကဟာတွေ၊ သူတို့က အခြေခံပဲ။ အဲတော့ ၂၀၂၀ မှာ သူတို့ရဲ့တွန်းအားက ကျနော်တို့ NLD ရဲ့ အားတွေဖြစ်လာမယ်လို့ ယုံကြည်တယ်"

အန်အယ်လ်ဒီပါတီမှာ လူငယ်အင်အား ခုနှစ်သောင်းကျော်ရှိပြီး အဲဒီထဲက မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်းအဆင့်တွေမှာ လူငယ်ပေါင်း ငါးထောင်ကျော်ကို တာဝန်ပေးအပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဗဟိုညီလာခံမှာတော့ ဗဟိုလူငယ်ဦးဆောင်အဖွဲ့နဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တို့ကို ညီလာခံ တက်ရောက်လာတဲ့ လူငယ် ၂၆၀ ကျော်ထဲက ရွေးကောက်တင်မြှောက်ပေးကြမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီကို ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ လူငယ်ညီလာခံတွေပြုလုပ်ဖို့ အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကျခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှသာ ပထမအကြိမ် လူငယ်ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး အခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒီကနေ့ ဗဟိုလူငယ်ညီလာခံကို ပါတီရဲ့သဘာပတိအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တချို့လည်း တက်ရောက်ကြပါတယ်။

"၂၀၁၈ မှာရွေးတဲ့ လူငယ်တွေဟာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အခြေခံအုတ်မြစ်ပဲ။ အဲတော့ သူတို့အင်အားနဲ့ ၂၀၂၀ ကို တွန်းရမယ်။ ခုန ကျနော်ပြောသလို ပိရမစ်ပေါ့။ အပေါ်က ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြီးတော့ သဘာပတိ CEC၊ နောက် တိုင်းနဲ့ပြည်နယ်ကဟာတွေ၊ သူတို့က အခြေခံပဲ။ အဲတော့ ၂၀၂၀ မှာ သူတို့ရဲ့တွန်းအားက ကျနော်တို့ NLD ရဲ့ အားတွေဖြစ်လာမယ်လို့ ယုံကြည်တယ်"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org