မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်ခန့်အပ်

OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာယစ်ဟာမစ်အယ်လ်ဘားကို ခန့်အပ်လိုက်တယ်လို့ OIC အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာယစ်ဟာမစ်အယ်လ်ဘားကို ခန့်အပ်လိုက်တယ်လို့ OIC အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမား ရှေ့နေတစ်ဦးဖြစ်သူ ဆာယစ်ဟာမစ်အယ်လ်ဘားဟာ မလေးရှားအစိုးရအဖွဲ့ထဲမှာ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဥပဒေရေးရာဝန်ကြီးအပါအဝင် အရေးပါတဲ့ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သူ့ကို OIC အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် အိုင်ယစ်မာဒါနီက ခန့်အပ်လိုက်တာလို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်ဟာ အုပ်စုအချင်းချင်းကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် မြန်မာအစိုးရအာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သံတမန်နည်းလမ်းအရ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ OIC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် IOC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်အောင် အပြည့်အ၀ ပူးပေါင်းထောက်ခံ ဆောင်ရွက်သွားကြဖို့ကိုလည်း OIC အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org