ဒါကာကြေညာချက်ကို မြန်မာအစိုးရ ပယ်ချ
2018.05.10
အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့ ဒါကာကြေ ညာချက်မှာ လူမျိုးစု သုတ်သင်ရှင်းလင်းမှု၊ အစိုးရ အားပေးသည့် အကြမ်းဖက်မှုဆိုပြီး စွပ်စွဲပြောဆိုထားတဲ့ ဒါကာကြေညာချက်ကို ပယ်ချကြောင်း မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန် ပါတယ်။
မေ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို စိုးရိမ်ပူပန် တယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အိုအိုင်စီ ထုတ်ပြန်ချက်ထဲကအခုလို အသုံးအနှုန်းတွေဟာ တာဝန်မဲ့စွာ ဖော်ပြခြင်းဖြစ်ကြောင်း၊ မောင်တောဒေသမှာ မွတ်စလင်အသိုင်းအဝိုင်းဟာ လူများစုဖြစ်ကြပြီး ၅ဝ ရာခိုင်နှုန်းကျော်ဟာ အဲဒီဒေသကျေးရွာတွေမှာ နေထိုင်ကြ ဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရအနေနဲ့ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ အကြိမ်ကြိမ်ပြော ထားပြီးဖြစ်ကြောင်း ပါရှိပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ မုတ်သုံကာလနီးကပ်လာပြီမို့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေကို ဦးစားပေး လုပ်ဆောင်နေကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ပြန်လည်လက်ခံရေးတွေကို ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံကတိုက်တွန်းကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေကို မိမိဆန္ဒအလျောက် ဘေးကင်းစွာနဲ့ ဂုဏ် သိက္ခါရှိစွာနေ ရပ်ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။