ဝန်ကြီးဌာန ရုံးဟောင်းလေးလုံးကို ဟိုတယ်အဖြစ် ပြောင်းလဲသွားမည်

ကိုလိုနီခေတ် လက်ကျန်အဆောက် အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံ လွဲှပြေင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ် လို့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။

ကိုလိုနီခေတ် လက်ကျန်အဆောက်အဦးတွေဖြစ်တဲ့ န်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ထံ လွဲှပြောင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရင်းနှီးမြှပ်နှံ မှုကော်မရှင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရထားပို့ဆောင်ရေးန်ကြီးဌာန ဒုတိယန်ကြီး သူရ ဦးသောင်းလွင် က ပြောခဲ့တာပါ။

"
ဆူးလေဘေးနားက အဆောက်အဦးဟာ နောက်သုံး၊ လေးနှစ်ဆိုမရတော့ဘူး၊ ပြိုတောင်ပြိုနိုင်တယ်၊ အချိန်မီအောက်မှာ
ဒါက်ထောက်မှရမယ်၊ ယနေ့ရုံးဟောင်း အဆောက်အဦးအောက်မှာ ဝင်သွားတဲ့အခါကျတော့ ဒေါက်ထောက်ထားတာကိုတွေ့တယ်၊ ဒီဟာကိုပြင်ရင်ကို အနည်းဆုံးဒေါ်လာ ၁ဝ သန်းလောက်ကုန်မယ်စသဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဟိုတယ်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် လာရောက်လည်ပတ်လို သူတွေအတွက် အခက်အခဲရှိသလို နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေလည်း နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ညွှန်ကြားရေးမှုးချူပ် ဦးအောင်နိုင်ဦးက အခုလိုပြောပါတယ်။

"
ကျနော်တို့မှာ ဟိုတယ်အခန်းက နည်းနေပြီး လာတဲ့လူကများတော့ ဟိုတယ်ခတွေက အဆပေါင်းများစွာ တက်သွားတာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဟိုတယ်ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အနေအထားရှိပါတယ်”


တချိန်တည်းမှာပဲ ရန်ကုန်တိုင်း စုပေါင်းတရားရုံးကြီးကိုလည်း တရုတ်ကုမ္ပဏီဖြစ်တဲ့ Flying Tiger ကုမ္ပဏီကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်တာကြောင့် ရှေ့နေများကွန်ရက်က အစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ကိုလည်း တရားစွဲဖို့ ပြင်ဆင်နေကြောင်း ရှေ့နေများကွန်ရက်က တရားင်စာတင်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org