တန့်ဆည်မှာ အရပ်သားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် စိန်းနန်းရွာဘက်ကို ဇန်နဝါရီလ ၁၀ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီ တပ် စစ်ကြောင်းရောက်လာချိန် ရွာအဝင်မှာ အရပ်သားတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အင်အား ၉၀ လောက်ပါတဲ့ စစ်ကြောင်းဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် သေဆုံးသွား တာလို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
“သူက သေနတ်နဲ့ အရင်ပစ်ဖမ်းခံရတာ။ သေနတ် ဒဏ်ရာရတယ်။ မသေသေဘူး PDF လား၊ ဘာလား မေးနှိပ်စက်ပြီး မေးတာတွေလုပ်တယ်။ နှိပ်စက်ခံရပြီးမှ သေသွားတာ”
သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် ကိုဝင်းနောင် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ရွာထဲမှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင် စီတပ်သားတွေက တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံစစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါ တယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။