ပန်ဒါစက်ရုံ ပိုင်ရှင်နဲ့ ပြေလည်မှုမရ
မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်အလိပ်စက်ရုံ အလုပ်ရှင်-အလုပ် သမားပြသနာကို ဒီနေ့မှာလည်း အလုပ် သမားဆက်ဆံရေးဌာန ညွှန်မှူးတွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေး ခဲ့ကြပေမယ့် ပြေလည်မှု မရဘူးလို့ သိရပါတယ်။
-
2016-06-08 -
-
-
မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်အလိပ်စက်ရုံ အလုပ်ရှင်-အလုပ်သမားပြသနာကို ဒီနေ့မှာလည်း အလုပ်သမားဆက်ဆံရေးဌာန ညွှန်မှူးတွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှု မရဘူးလို့ သိရပါတယ်။
ပလိပ်အထည်အလိပ်စက်ရုံကို ပန်ဒါကုမ္ပဏီဆီ ငှားလိုက်ချိန်က လွှဲပြောင်းယူရမယ့် စက်ရုံဝန်ထမ်းတွေနဲ့ ပတ်သက် ပြီး စက်မှုဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ ချုပ်ဆိုခဲ့တဲ့ Employment Contract – EC စာချုပ်ပါ အချက်တွေကိုလိုက်နာဖို့ စက်ရုံပိုင်ရှင်ဘက်က ငြင်းဆန်နေတဲ့အတွက် ပြေလည်မှုမရတာလို့ ပန်ဒါစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုဝင်းထွန်းညွန့် က ပြောပါတယ်။
"အလုပ်အမှုဆောင် ၇ ယောက်စလုံးပါတယ်၊ အလုပ်သမား ကိုယ်စားလှယ် ၅ ယောက်လောက်ပါတယ်၊ ပန်ဒါကုမ္ပဏီနဲ့ စက်မှုဝန်ကြီးဌာနနဲ့ ချုပ်ခဲ့တဲ့မူရင်းစာချုပ်ကို ပြန်လိုချင်တယ်၊ ဒါပဲတောင်းဆိုခဲ့တယ်၊ အလုပ်ရှင်ကတော့ မပေးနိုင်ဘူးပေါ့ဗျာ၊ အလုပ်ရှင်မပေးနိုင်တော့ ဒီတောင်းဆိုမှုနဲ့ပဲ ညှိနှိုင်းမှုပြီး ကြတယ်"