လွှတ်တော်ကြားနာပွဲ ဗကသအဖွဲ့ ဆက်လက်သပိတ်မှောက်
လာမယ့် မတ်လ ၁၆ ရက်နေ့ နေပြည်တော် မှာ ကျင်းပမယ့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကြားနာပွဲ ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ကိုယ်စားလှယ်တွေ တက်ရောက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
-
2015-03-14 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် မတ်လ ၁၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကြားနာပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ကိုယ်စားလှယ်တွေ တက်ရောက်မှာမဟုတ်ကြောင်း ပြောပါတယ်။
လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းမှုကိစ္စကြောင့် မတက်ဖို့ဆုံးဖြတ်လိုက်တာလို့ ဗကသ ဗဟိုကော်မတီဝင် ကိုအောင်နေပိုင်က ပြောပါတယ်။
"လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ကျောင်း သားတွေကို အရုပ်ဆိုးအရက်စက်ဆုံး ဖြိုခွင်းပြီးမှ ပြည်သူတွေရောအကုန်လုံး က နိုင်ငံတကာအစိုးရတွေဟာ အပြင်းအထန် ရှုတ်ချဆန့်ကျင်နေချိန်မှာ တာဝန်ရှိတဲ့ ပြည်ထောင် စုအစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပဲခူးတိုင်း အစိုးရ တစုံတရာမေးခွန်းထုတ်ဖို့ ထောက်ပြခြင်း မရှိတဲ့ ကျနော်တို့ လွှတ်တော်ကို အယုံအကြည် မရှိပါဘူး၊ ဒီ ဗကသအဖွဲ့ချုပ်များရဲ့ ကိုယ်စားလှယ် ၃ ဦးကို လက်ပံတန်းဖြိုခွင်းမှုမှာ ရက်ရက်စက်စက်အကြမ်းဖက် ဖမ်းဆီးခံထားရတယ်၊ ရိုက်နှက်နှိပ်စက် ခံထားရတယ်၊ ကျန်တစ်ဦးကိုလည်း အခုဖမ်းဆီးထားတာတွေ့ရတယ်ပေါ့နော်၊ ကျနော်အပါ အဝင် နောက်ထပ်တစ်ယောက်ကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေတာ အစိုးရရဲ့ ကတိကဝတ်တွေ ပျက်တယ် မြင်တဲ့အတွက် လွှတ်တော်အနေနဲ့ တစုံတရာအရေးမယူတဲ့အတွက် ကျနော်တို့အနေနဲ့ လွှတ်တော်ကို အယုံအကြည်မရှိပါဘူး"
လက်ပံတန်းမြို့ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုအပြီး ပြန်လွှတ်ပေးတဲ့ ကျောင်းသူ ကျောင်းသားတွေ ရှိပေမယ့် ဆက်လက်ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေ ရှိနေသေးကြောင်းပြောပါတယ်။ အစိုးရက ထောင်ထဲမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ကျန်းမာရေးအခြေအနေကို ထုတ်ပြန်ပေးတာ မရှိသေးဘူးလို့ ပြောပါတယ်။
သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီဝင် ၁၅ ဦးရှိရာမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ ကိုယ်စားလှယ် ၆ ဦးနဲ့ မြေလတ်ဒေသ ကျောင်း သားသမဂ္ဂက ကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၉ ဦးကတော့ ကြားနာပွဲကို တက်ရောက်မယ်လို့ မတ်လ ၁၁ ရက်နေ့က ပြောထားပါတယ်။ ကော်မတီထဲက ဗကသ ကိုယ်စားလှယ် ၆ ဦးက ကြားနာပွဲကို ဆက်လက် သပိတ်မှောက်နေတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း အမျိူးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် တောင်းဆိုကြတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှား မှုတွေကိုရော၊ အလုပ်သမားဆန္ဒပြပွဲတွေကိုပါ အစိုးရက အကြမ်းဖက်ဖြေရှင်းခဲ့တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်တဲ့ အနေနဲ့ သတင်းသမားတွေပါဝင်မယ့် သပိတ်မှောက် လှုပ်ရှားမှုတွေလုပ်သွားဖို့ MJN လို့ခေါ်တဲ့ မြန်မာဂျာနယ် ကွန်ရက်အဖဲ့ွက စီစဉ်နေပါတယ်။ ဒီအစီအစဉ်တွေနဲ့ပတ်သက်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်ကို RFA အဖွဲ့သူ မသင်းသီရိဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။