လွှတ်တော်တွေ ပြန်စ

လွှတ်တော်ကိုယ်စားလှယ်တွေအနေ နဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေ ကို လွှတ်တော်မှာ တင်သွင်းတဲ့အခါ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အနေတွေနဲ့အညီ နည်းမှန်၊ လမ်းမှန် တင်ပြကြဖို့ အထူး အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဇူလိုင်လ ၂၅ ရက်နေ့မှာ တွေ့ရစဉ် Photo: Win Naung Toe/ RFA

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်မှာ တင်သွင်းတဲ့အခါ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အနေတွေနဲ့အညီ နည်းမှန်၊ လမ်းမှန် တင်ပြကြဖို့ အထူးအရေး ကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောလိုက်ပါတယ်။

ဒီကနေ့ ပြန်လည်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတင်စဉ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

"ပြည်သူလူထု ခံစားနေရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေ ပြဿနာတွေကို မေးခွန်းတွေ အဆိုတွေ ဥပဒေကြမ်းတွေအဖြစ် ပြောင်းလဲပြီး လွှတ်တော်မှာ တင်သွင်းဆောင်ရွက်ကြရတာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက် ကြရတဲ့နေရာမှာ ကောင်းစေချင်တဲ့ စိတ်ရင်စေတနာအမှန်နဲ့ ဆောင်ရွက်ကြတယ်ဆိုတာကို နားလည်ပေမယ့် ကိုယ်စားလှယ်များဟာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်သွား ကြဖို့ အထူးအရေးကြီးကြောင်း ပြောကြားလိုပါတယ်"

ဒါ့အပြင် နိုင်ငံတော်ဖွံံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဦးစားပေးတာဝန်အဖြစ် ကြိုးစားဆောင် ရွက်နေတဲ့အချိန်မှာ ဥပဒေပြုရေးမဏ္ဍိုင်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပေးအပ်ထားတဲ့ အခန်းကဏ္ဍ အလိုက် စေတနာမှန်မှန်၊ သစ္စာရှိရှိ ၊ တာဝန်သိသိနဲ့ ကျေပွန်စွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ကိုလည်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။

အခုပြန်လည်စတင်တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နဲ့ ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းတို့ကို အတည်ပြုပြဌာန်းနိုင်ရေးကိစ္စတွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org