ပါတီနှင့် အဖွဲ့အစည်း ကိုယ်စားလှယ်များ နော်ဝေ၊ ဂျာမနီ လေ့လာရေးခရီးစတင်

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအပါအဝင် နိုင်ငံရေးပါတီ ၅ ခုတို့က ကိုယ်စားလှယ်တွေဟာ နော်ဝေနိုင်ငံ ရွေးကောက်ပွဲနဲ့ ဂျာမနီနိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဒီနေ့ညနေပိုင်း မှာ မြန်မာနိုင်ငံကနေ စတင်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စက်တင်ဘာလ ၆ ရက်နေ့က နော်ဝေနိုင် ငံနှင့် ဂျာမနီနိုင်ငံကိုသွားရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင်တွေ့ရစဉ် photo: 88 Facebook

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် နိုင်ငံရေးပါတီ ၅ ခုတို့က ကိုယ်စားလှယ်တွေ ဟာ နော်ဝေနိုင်ငံ ရွေးကောက်ပွဲနဲ့ ဂျာမနီနိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဒီနေ့ညနေပိုင်းမှာ မြန်မာနိုင်ငံ ကနေ စတင်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ-ဘားမားကော်မတီရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ခရီးမထွက်ခွာမီ RFA ကို အခုလို ပြောကြားခဲ့ပါတယ်။

"နော်ဝေနိုင်ငံကို ရောက်တဲ့အခါမှာ ရွေးကောက်ပွဲ လုပ်တာကို လေ့လာဖို့အစီအစဉ်ရှိတယ်၊ အစိုးရပိုင်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိတယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ ရှိတယ်၊ အော်စလိုတက္ကသိုလ်မှာ သွားပြီးတော့ လေ့လာမှာပါ၊ ၁၈ ရက်ကနေပြီးတော့  ၂၁ ရက်နေ့အထိကို ဂျာမနီမှာရှိတဲ့ ပါလီမန် လေ့လာရေး၊ ဖက်ဒရယ်လစ်ဇင်နဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့ရှိတယ်၊ အရပ်ဖက်လူ့အဖွဲ့ အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်”

အဲဒီခရီးစဉ်ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ကိုယ်စားလှယ် ၁၃ ဦးတို့ သွားရောက်ကြတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နော်ဝေနိုင်ငံမှာ ရွေးကောက်ပွဲ အဓိကလေ့လာမှာဖြစ်ပြီး၊ စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဂျာမနီနိုင်ငံ ပါလီမန်၊ ဖက်ဒရယ်ကောင်စီနဲ့ နိုင်ငံရေးပါတီတွေကို သွားရောက်လေ့လာကြမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org