ပုသိမ်ကြီးမြို့နယ်မှာပါ ညမထွက်ရအမိန့် တိုးချဲ့ထုတ်ပြန်

မန္တလေးတိုင်းမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနောက်ဆက်တွဲအနေနဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း မနေ့ညက စပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးတင်းကြပ်ထားစဉ် Photo:Hsat paing toe / RFA

မန္တလေးတိုင်းမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနောက်ဆက် တွဲအနေနဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း မနေ့ညက စပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ကို ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်ကြီးမြို့နယ်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိဘူးလို့ မြို့ခံတစ်ဦးဖြစ်သူ ဦးဆွေသန်းက ပြောပါတယ်။

"မနေ့ကဆုံးသွားတဲ့ကလေးကို ပုသိမ်ကြီးမြို့နယ် က ဖြတ်သွားပြီးသဂြိုလ်လိုက်တာကို လူစုလူဝေး ပုံစံလေးဖြစ်သွားတော့ ပုသိမ်ကြီးလည်း စိုးရိမ်လို့ မနေ့က ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ၁၄၄ ကြေညာလိုက်တာ ဒါပေမဲ့လည်း ဆူဆူ ပူပူ ဖြစ်နိုင်အောင် အခြေအနေအထိ ဦးတို့ဒေသကတော့ ဦးတို့အမြင်ကတော့ မရှိဘူးလို့ ပြောရမှာပေါ့၊ ဦးတို့မြို့နယ်က ဗလီလည်းမရှိဘူး"

မန္တလေးမှာ ညမထွက်ရအမိန့်ကို အောင်မြေသာဇံ ၊ ချမ်းအေးသာဇံ ၊ ချမ်းမြသာစည်၊  မဟာအောင်မြေ ၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ညမထွက်ရအမိန့် ပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ည ကိုးနာရီကနေ မနက် ငါးနာရီ အထိ နှစ်နာရီခြားလောက်တစ်ကြိမ် ကင်းလှည့်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org