အထက်ပေါင်းလောင်း ရေကာ တာကြောင့် ဒေသခံ ၈ဝဝဝ အခက် အခဲများ ကြုံတွေ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပေါင်းလောင်းမြစ်မှာ မြန်မာ အစိုးရက ရေကာတာ တည်ဆောက်တဲ့ စီမံကိန်းမှာ အိမ်ထောင်များကို ရွှေ့ပြောင်းခဲ့ရာမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်တဲ့အတွက် ဒေသခံ ၈ဝဝဝ လောက်ဟာ ပိုမို ဆင်းရဲစေယုံသာမက ကျန်း မာရေးနှင့် အသက်မွေးဝမ်းကျောင်းကို ထိခိုက်ပျက် စီးစေကြောင်း နယူးယောက်မြို့အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့က ဖော်ပြလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့မြင်ရစဉ်။ Photo: Kayan New Generation Youth

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပေါင်းလောင်းမြစ်မှာ မြန်မာအစိုးရက ရေကာတာ တည်ဆောက်တဲ့ စီမံကိန်းမှာ အိမ်ထောင်များကို ရွှေ့ပြောင်းခဲ့ရာမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်တဲ့အတွက် ဒေသခံ ၈ဝဝဝ လောက်ဟာ   ပိုမို ဆင်းရဲစေယုံ သာမက ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းကို ထိခိုက်ပျက် စီးစေကြောင်း နယူယောက်မြို့အခြေစိုက် Physicians for Human Rights (PHR)အဖွဲ့က  ဖော်ပြလိုက်ပါတယ်။

အဲဒီ PHR အစီရင်ခံစာအရ အစိုးရက ရေကာတာတည်ဆောက်လိုက်လို့ ရေကြီးခြင်းကြောင့် ရွာပေါင်း ၂၃ ရွာမှ လူပေါင်း ၈ဝဝဝ ကို အတင်းအဓမ္မရွှေ့ပြောင်းစေတဲ့အခါ အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးခြင်းများ၊ အစားအသောက် မလုံခြုံခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် ရေရရှိရန် ခက်ခဲခြင်းတို့ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

"လူတွေရဲ့ လူနေမှုဘဝနှင့် လူ့အခွင့်အရေးကို ဘယ်အာဏာရ အစိုးရမှ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း လုပ်ဆောင်တိုင်း မထိခိုက်စေသင့်ပါဘူး" လို့ PHR အစီအစဉ် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Widney Brown ကပြော ပါတယ်။

အထက်ပေါင်းလောင်ရေကာတာဟာ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ နေပြည်တော်ကို လျှပ်စစ်ဓာတ် ထုတ်လွှတ်ပေးဖို့ စီမံကိန်းဖြစ်ပါတယ်။

PHR စုံစမ်းရေးအဖွဲ့က  ရွှေ့ပြောင်းခံရသည့် နမူနာအိမ်ထောင် ၈ဝ ကို ရွေးချယ်ပြီး အိမ်ထောင်ဦးစီးများကို လုပ်ငန်းစဉ်နှင့် အကျိုးဆက်များကို အင်တာဗျူးလုပ်ခဲ့ရာမှာ အောက်ပါအတိုင်း ရှာဖွေတွေ့ရှိရပါတယ်။

-  ၆၄ ရာခိုင်နှုန်းမှာ ပြောင်းရွှေ့ရန်ငြင်းဆန်ပါက နောက်ဖြစ်လာမည့် အကျိုးဆက်ကို ကြောက် ရွံ့သောကြောင့်ရွှေ့ပြောင်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။

-   ၈၄ ရာခိုင်နှုန်းသောအိမ်ထောင်များသည် ရွှေ့ပြောင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အနိမ့်ဆုံးဝင်ငွေ အောက်သို့ ကျဆင်းသွားသည်။

-   ၉၃ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းပြီးနောက်ပိုင်း သူတို့၏ယေဘုယျ အခြေအနေ အားလုံးသည် ပိုမိုဆိုးရွားသွားခဲ့ သည်ဟုဖြေဆိုခဲ့သည်။

-   ၄၅ ရာခိုင်နှုန်းသည် သူတို့မိသားစုအတွက် လုံလောက်သော သောက်ရေမရှိကြောင်း တင်ပြခဲ့သည်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org