မီဒီယာကောင်စီရွေးချယ်ပွဲ စည်းကမ်းချက် PEN Myanmar ကန့်ကွက်

သတင်းမီဒီယာကောင်စီရွေးချယ်ပွဲကျင်းပဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရာ မှာ သတင်းမီဒီယာသမားတွေရဲ့ သဘောထားဆန္ဒကို မရယူဘဲ ထုတ်ပြန်ခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွေကို ကန့်ကွက်ကြောင်း PEN Myanmar အဖွဲ့က မနေ့ က ကြေညာချက်ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ စက်တင်ဘာလ ၃ ရက်နေ့ကကျင်းပစဉ် Photo: Aung Thain Kha/RFA

သတင်းမီဒီယာကောင်စီရွေးချယ်ပွဲကျင်းပဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရာမှာ သတင်းမီဒီယာသမားတွေ ရဲ့ သဘောထားဆန္ဒကိုမရယူဘဲ ထုတ်ပြန်ခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးချယ်တင်မြှောက်ရေး အဖွဲ့တွေကို ကန့်ကွက်ကြောင်း PEN Myanmar အဖွဲ့က မနေ့က ကြေညာချက်ထုတ်လိုက်ပါတယ်။

အသစ်ဖွဲ့စည်းမယ့် သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးကောက်ခံခွင့်ရှိသူတွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေ ကို သတင်းမီဒီယာသမားတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ ဆောင်ရွက်ခဲ့တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ PEN Myanmar အဖွဲ့ဝင် မသီတာ(စမ်းချောင်း)က ပြောပါတယ်။

"သတင်းမီဒီယာကောင်စီဆိုတဲ့ အနေအထားကပေါ့နော် ပိုပြီးတော့ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ်နဲ့ အမှီခိုကင်းကင်း ဖြစ်စေချင်တယ်၊ ဒါကြောင့် ခုလိုကန့်ကွက်ရတာပါ၊ ရွေးဖို့ရှိတယ်ဆိုတဲ့ အကြောင်းအရာတွေကို ဒီနေ့လို သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ ထုတ်ပြန်ကြေညာပြီးတော့ ဒီဟာပဲပြန်ပြီးတော့ပြင်ရင် အကြောင်းမရှိ ဘူး လုပ်လိုက်တဲ့ဟာကို ဆိုလိုတာပါ၊ အမှန်တော့ တွေ့ဆုံပြီးတော့မှ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အားလုံး က ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်ရခဲ့ပြီးတော့မှ ဒါကိုအတည်ပြုတယ်ဆိုရင်တော့ ပွင့်လင်းမြင်သာမှုပိုရှိတာပေါ့"

သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို သတင်းမီဒီယာနယ်ပယ်က မဟုတ်တဲ့ ပြင်ပကပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင်၊ သတင်းမီဒီယာနည်းဥပဒေမှာပါတဲ့ ကောင်စီဝင်ရွေးချယ်ခြင်း ဥပဒေအချက်အလက်တွေကို မလိုက်နာဘဲ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ၂ ဦးကို ရွေးကောက်ခံမယ့်စာရင်းထဲမှာ ထည့်ထားတာ ဟာ ဥပဒေနဲ့ မညီညွှတ်ဘူးလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

သတင်းမီဒီယာကောင်စီအဖွဲ့ကို သတင်းမီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ စတဲ့ အဖွဲ့ဝင် ၂၂ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်ကို ကိုယ်စားပြုသူ ၃ဦး၊ ပညာရှင် ၄ဦး စုစုပေါင်း ၂၉ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး PEN Myanmar အဖွဲ့ဝင် မသီတာ(စမ်းချောင်း) ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org