ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာ ဆိုင်ကယ်စီးခွင့်အဆို ရှုံးနိမ့်
လက်ရှိ အာဏာရ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။
-
2019-02-04 -
-
-
ဆိုင်ကယ်မောင်းနှင်နေသူကို တွေ့ရစဉ်
လက်ရှိ အာဏာရ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တင်သွင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်က ဦးအေးနိုင်ရဲ့ ဆင်ခြေဖုံးဖြစ်တဲ့ ဒဂုံမြို့သစ် ၄ မြို့နယ်နဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေမှာ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဆိုင်ကယ် စီးနင်းခွင့်ပြုဖို့ အဆိုဖြစ်ပါတယ်။
အဲဒီအဆိုကို NLD ပါတီကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပေမယ့် တွံတေးမြို့နယ်၊ NLD ကိုယ်စားလှယ် ဦးမြင့်လွင့်က ရန်ကုန်တိုင်းလွှတ်တော်မှာသာ မေးသင့်တဲ့မေးခွန်းဆိုပြီး ကန့်ကွက်ခဲ့တာပါ။
အဲဒီနောက် အဆိုကို ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၅၀ သာ ရရှိပြီး ကန့်ကွက်မဲ ၂၆၅ မဲရှိတဲ့အတွက် အဆိုကို လွှတ်တော်မှာ မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။