သေဆုံးသူအတွက် တာဝန်မယူတဲ့ ကုမ္ပဏီကို အရေးယူဖို့ တိုင်ကြား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မားဆားကျေးရွာ အနီးက စွန့်ပစ်မြေစာပုံမှာ ရေ မဆေး ကျောက်ရှာဖွေသူတစ်ဦး မြေတူးစက်နဲ့ တိုက်မိ ပြီး သေဆုံးခဲ့ပေမဲ့ အဲဒီ့မြေစာပုံကိုပိုင်တဲ့ကုမ္ပဏီက တာဝန်ယူဖြေရှင်းမပေးကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖားကန့် စွန့်ပစ်မြေစာပုံမှာ ရေမဆေးကျောက်ရှာသူများကို မြင်ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မားဆားကျေးရွာအနီးက စွန့်ပစ်မြေစာပုံ မှာ ရေမဆေး ကျောက်ရှာဖွေသူတစ်ဦး မြေတူးစက်နဲ့ တိုက်မိပြီး သေဆုံးခဲ့ပေမဲ့ အဲဒီ့မြေစာပုံကိုပိုင်တဲ့ ကုမ္ပဏီက တာဝန်ယူဖြေရှင်းမပေးကြောင်း မြို့ခံတွေ က ပြောပါတယ်။

မြေတူးစက်မောင်းသူ ထွက်ပြေးသွားပြီး ကုမ္ပဏီက လည်း တာဝန်ယူမဖြေရှင်းတဲ့အတွက် အရေးယူပေးဖို့ လုံးခင်းကျေးရွာရဲစခန်းမှာ တိုင်ကြားထားတယ် လို့ သေဆုံးသူရဲ့ မိသားစုတွေကို ကူညီပေးနေတဲ့ ဖားကန့်မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်စိုး က ပြောပါတယ်။

သေဆုံးသူဟာ ဦးဇော်ဝင်းမောင် ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ညပိုင်းက ရေမဆေးကျောက်ရှာဖွေနေချိန်မှာ လင်းလဲ့ဝင်းကုမ္ပဏီကပိုင် မြေတူးစက်နဲ့ တိုက်မိတာလို့ ဦးတင့်စိုးက ပြောပါတယ်။

ဒီလ ၈ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု ကုဋေမှော်ကျေးရွာအနီး မြယမုံကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ရာမှာ သေဆုံးသူ စုစုပေါင်း ၁၁ ယောက်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org