ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ တောင်း ပန်စာကို လက်ခံရရှိကြောင်း တပ်မတော်ထုတ်ပြန်

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ် မှာကျင်းပတဲ့ အလုပ် ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်သား အုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ပရိုတိုကောအရ ဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိကြောင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် တောင်းပန်စာပေးပို့ခဲ့တာဖြစ်တယ် လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ် မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ပရိုတိုကောအရ ဆိုရင် ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲရှိကြောင်း ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် တောင်းပန်စာပေးပို့ခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လိပ်မူထားတဲ့ တောင်းပန်စာကို အမြန်ချောပို့လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာကို လက်ခံရရှိခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ပြောကြားချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက သတိပေးဆုံးမ ထားတယ်လို့လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က ပါတီက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ပြောကြားမှုနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းကို အရေးယူပေးဖို့အတွက် တပ်မတော် ဘက်က အစိုးရကို တိုင်ကြားခဲ့သလို ဦးဖြိုးမင်းသိန်းဟာ အစိုးရနဲ့ တပ်မတော်ကြား ရေရှည် ဆက်ဆံရေးကို အခက်အခဲဖြစ်စေမယ့်သူဖြစ်တယ်လို့လည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဦးဖြိုးမင်းသိန်းရဲ့ အဲဒီ ပြောကြားမှုဟာ အစိုးရရဲ့ သဘောထားမဟုတ်ဘူးလို့ ပြောကြား ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org