လွှတ်တော်ကိုယ်စားလှယ်တွေကို လစာ ၁၀ သိန်းပေးဖို့ လွှတ်တော် ဆုံးဖြတ်
ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁၀ သိန်းအထိပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
-
2015-01-22 -
-
-
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁၀ သိန်းအထိပေးဖို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ဧပြီလ ကနေ ၂၀၁၆ ဇန်နဝါရီလကုန်အထိ လစာခံစားခွင့်ရှိ မှာဖြစ်တယ်လို့ ပြောပါတယ်။
"နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန် လည်ပေးပို့လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေး အတည်ပြုပြီးဖြစ်ပါတယ်၊ ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုကို လာမယ့် ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာနှစ်အစ ဧပြီလကစတင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များ ခံစားရမှာဖြစ်ပါတယ်၊ ၂ဝ၁၅ ဧပြီလ ကနေပြီးတော့ ၂ဝ၁၆ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဒီကာလသာဖြစ်ပါတယ်"
"ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ဒေသဦးစီးအဖွဲ့ဝင်တွေရဲ့ စရိတ်နဲ့ ချီးမြှင့်ငွေဆိုင်ရာ ဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်အရ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက တစ်လကျပ် ငါးသိန်းစီ လစာရရှိမှာဖြစ်ပါတယ်။