လက်ပံတောင်းမှာ တင်းမာမှု ဆက်လက်ဖြစ်ပွား၊ ရွာသား နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း ဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီ က မြေတူး စက်တွေနဲ့တူး ဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန် ထမ်းတွေက လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ဝမ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေနဲ့တူးဆွနေတာ ကိုတားခဲ့တဲ့ ဒေသခံတွေကို လုံခြုံရေးရဲဝန်ထမ်းတွေ က လေးဂွနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကုမ္ပဏီဘက်က စက်ယန္တရားတွေနဲ့ သီးနှံပင်တွေကို ဖျက်ဆီးနေတာကြောင့် တားဆီး ရာမှာလုံခြုံရေးတပ် ဖွဲ့တွေက လေးဂွနဲ့ပစ်တာလို့ ဆည်တည်းရွာခံ မဝင်းဌေး က ပြောပါတယ်။

"စခန်းနားမှာလာပြီးမလုပ်ဖို့ သွားတားရာမှာ သူတို့ကရဲအင်အား ထောင်ကျော် လောက် နဲ့ ဒေသခံတွေကိုဂွတွေနဲ့စပစ်တယ်၊ ဒေသခံ ၂ ယောက်ထိမှန် တယ်ပေါ့၊ တကယ်လို့စီမံကိန်း လုပ်မယ်ဆိုရင် ဧကတွေအများကြီးခတ်ထားတာမှာ ဘာဖြစ်လို့ ဒီစခန်းနားမှာလာလုပ်တာလဲ၊ ဒီစခန်းနားမှာ ဆိုတော့ဒေသခံတွေကတားတာပေါ့နော်၊ ပြီးတော့သိမ်းယူထားတဲ့မြေတွေကိုလည်း ဖျက်ဆီးနေတဲ့အခါ ကျတော့ ဒေသခံတွေက ကိုယ့်လယ်ယာမြေတွေ ပျက်ဆီးနေတာမြင်တော့ မခံစားနိုင်ကြဘူးလေ၊ အဲ့ဒါကြောင့်သွားတားတဲ့အခါကျတော့ အဲ့လိုဖြစ်ကုန်တာပါ"

စီမံကိန်းနားက ဆည်တည်းရွာမှာ မြေယာလျော်ကြေးမယူတဲ့ ဒေသခံ ၁၀၀ လောက်က သူတို့လယ်ယာမြေတွေ ပြန်ရရှိ ဖို့အတွက် သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၂ လနီးပါး ရှိပြီဖြစ်ပါတယ်။

အဲ့ဒီ သပိတ်စခန်းမှာ ဒေသခံတောင်သူတွေကို ကူညီဆောင်ရွက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကျေးရွာသား စုစုပေါင်း ၁၇ ဦးကို ရပ်ရွာအေးချမ်း သာယာရေး ပျက်အောင် သွေးထိုးလှုံ့ဆော်သူတွေအဖြစ် ဆားလင်းကြီးမြို့နယ်ရဲ တပ်ဖွဲ့ကစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။

လက်ပံတောင်းမှာ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org