ပုပ်ရဟန်းမင်းနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့မည်
မြန်မာပြည်ကို သွားရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ နိုဝင်္ဘာ ၂၈ နေ့ တွေ့ဆုံပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၃ဝ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံ မယ်လို့ ဗာတီကန်နန်းတော်က ကြေညာပါတယ်။
-
2017-11-22 -
-
-
မြန်မာပြည်ကို သွားရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ နိုဝင်္ဘာ ၂၈ နေ့ တွေ့ဆုံပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ၃ဝ ရက်နေ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ ဗာတီကန်နန်းတော် က ကြေညာပါတယ်။
အခုလို ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဖို့ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်မောင်ဘိုက အကြံပြုခဲ့တာ ကို နှစ်ဦးလုံးက လက်ခံခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း သွားရောက်ပြီး ရိုဟင်ဂျာမွတ်စလင်တချို့နဲ့ ဒါကာမြို့မှာ ဒီဇင်္ဘာ ၁ ရက်နေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ မူလအစီအစဉ်မှာ အခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို တွေ့ဆုံဖု့ိမရှိဘဲ အခုမှ ထပ်မံထည့်သွင်းခဲ့တာဖြစ်တယ်လို့လည်း ဗါတီကန်ပြောခွင့်ရပုဂ္ဂိုလ် Greg Burke ဂရက် ဘာ့ခ် ကပြောပါတယ်။