ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံနိုင်သူတွေထဲ ကာဒီနယ်လ် ချားလ်စ်မောင်ဘို ပါဝင်

RFA Burmese
2025.02.21
ပုပ်ရဟန်းမင်းကြီးနေရာ ဆက်ခံနိုင်သူတွေထဲ ကာဒီနယ်လ် ချားလ်စ်မောင်ဘို ပါဝင် မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုအား ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံက ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ ကျန်းမာရေးချို့ယွင်းနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နေရာကို ဆက်ခံဖို့ အလားအလာရှိတဲ့ ဘုန်းတော်ကြီးတွေထဲက တစ်ဦးအဖြစ် အမေရိကန်အခြေစိုက် ကက်သလစ်သတင်းစာ The Remnant က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ နေရာကို ဆက်ခံဖို့ အလားအလာရှိတဲ့ ဘုန်းတော်ကြီး ၂၂ ပါး ရှိပြီး အဲဒီအထဲ ကာဒီနယ်လ် ချားလ်စ်မောင်ဘိုဟာ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုကို အလေးထားပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်တယ်လို့ The Remnant က ဖော်ပြပါတယ်။

ဒါ့အပြင် အာရှနိုင်ငံတွေရဲ့ စိန်ခေါ်မှုအခက်အခဲတွေကိုလည်း ကောင်းစွာနားလည်သူလို့လည်း The Remnant က သုံးသပ်ထားပါတယ်။

လက်ရှိအချိန်အထိ ကက်သလစ် ဘုန်းတော်ကြီးအဖွဲ့အစည်းမှာ ဘုန်းတော်ကြီး ၂၅၂ ပါး ရှိပြီး အဲဒီထဲက ၁၃၈ ပါးဟာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ရာမှာ မဲပေးနိုင်ကြသူတွေ ဖြစ်ပါတယ်။

အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လတ်တလော နာမကျန်းဖြစ်ရာက ပြန်လည်သက်သာလာပြီလို့ Vatican News က ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။