ပုပ်ရဟန်းမင်းကြီး ငြိမ်းချမ်းရေးတရား ဟောကြားမည်
မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး Francis ဟာ ငြိမ်းချမ်းရေးကိစ္စမိန့်ကြားမယ်လို့ ကက်သလစ်ဘုရားကျောင်းဆရာတော် Mariano Soe Naing က ဒီနေ့ပြောကြားလိုက်ပါတယ်။
-
2017-10-12 -
-
-
မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး Francis ဟာ ငြိမ်းချမ်းရေးကိစ္စမိန့်ကြားမယ်လို့ ကက်သလစ် ဘုရားကျောင်း ဆရာတော် Mariano Soe Naing က ဒီနေ့ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာမွတ်စလင် ငါးသိန်းနှစ်သောင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ဒုက္ခသည်ပြဿ နာပေါ်ပေါက်ချိန်မှာ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ကနေ ၃၀ ရက်နေ့ထိ လာရောက် မှာလည်းဖြစ်ပါတယ်။
ဒီဒုက္ခသည်တွေကို ပုပ်ရဟန်းမင်းကြီးက ညီအစ်ကိုမောင်နှမတွေပါပဲလို့ ခေါ်ဝေါ်သုံးနှူန်းထားပါတယ်။ စစ်သွေးကြွတွေကို နှိမ်နင်းပြီး ဒီလူတွေထွက်ပြေးအောင်လုပ်တယ်လို့လည်း မြန်မာစစ်တပ်က စွပ်စွဲခံထားရတာပါ။
ပုပ်ရဟန်းမင်းကြီး ဘာမိန့်ခွန်းပြောမယ်ဆိုတာ မသိပေမဲ့ မြန်မာနိုင်ငံ အခြေအနေအတွက် လာရောက်မှာဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်း ဟောပြောမှာဖြစ်ပေမဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပြဿနာကို ဟောပြောဖြေရှင်းနိုင်-မနိုင်တော့ ရှင်းရှင်းလင်းလင်း မသိရတဲ့အကြောင်းနဲ့ အချိန်မရတဲ့အတွက် ဘာသာပေါင်းစုံအစည်းအဝေးကျင်းပမှာ မဟုတ်ပေမဲ့ သံဃမဟာနာယကအဖွဲ့နဲ့ တွေ့ဆုံမယ်လို့ ကက်သလစ် ဘုန်းတော်ကြီး Mariano Soe Naing က ပြောပါတယ်။
ကျိုက်က္ကဆံကွင်းမှာ ကျင်းပမယ့် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ တရားပွဲကို လူ နှစ်သိန်းလောက် တက်ရောက်မယ် လို့လည်း ကက်သလစ်အသင်းတော်ပြောခွင့်ရသူက ခန့်မှန်းပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံခဲ့ပြီး မကြာခင်မှာ မြန်မာနိုင်ငံနဲ့ ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန်တို့ ပြီးခဲ့တဲ့ မေလကမှ သံတမန်ရေးရာ အပြည့်အဝဆက်ဆံခဲ့တာပါ။