ဘာသာရေးနေရာကို လေးစားဖို့ စစ်ကောင်စီကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ၊ အစာရေစာ အခက်ကြုံနေရသူတွေအတွက် အကူအညီပေးတာတွေကို ခွင့်ပြုဖို့နဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာ၊ အဆောက်အအုံတွေကို လေးစားဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို မေတ္တာ ရပ်ခံပါတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ ဗာတီကန်က ဝတ်ပြုဆုတောင်းပွဲမှာ မိန့်ကြားခဲ့တာပါ။
- 2021-06-21
-
-
-
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ၊ အစာရေစာ အခက်ကြုံနေရသူ တွေအတွက် အကူအညီပေးတာတွေကို ခွင့်ပြုဖို့နဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာ၊ အဆောက်အအုံတွေကို လေးစားဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို မေတ္တာရပ်ခံပါတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ ဗာတီကန်က ဝတ်ပြုဆုတောင်းပွဲမှာ မိန့်ကြားခဲ့တာပါ။
မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်မောင်ဘိုရဲ့ ပြီးခဲ့တဲ့အပတ်က မေတ္တာရပ်ခံချက်မှာ သူ့ရဲ့အသံကို ထပ်လောင်းပြီး မေတ္တာရပ်ခံတာပါလို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အကြိမ်ကြိမ် မေတ္တာရပ်ခံနေတာပါ။ ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ၊ အစာရေစာ ပြတ်လပ်ပြီး အသက်ဘေးနဲ့ ကြုံနေရတာတွေဟာ ရင်နာဖို့သိပ်ကောင်းတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မနေ့ကဆုတောင်းပွဲမှာ ပြောခဲ့ပါတယ်။
ကက်သလစ် ရဟန်းအမတ် ချားလ်မောင်ဘိုရဲ့ ပြီးခဲ့တဲ့အပတ်က မြန်မာစစ်ခေါင်းဆောင်တွေဆီပို့တဲ့ မေတ္တာ ရပ်ခံချက်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့် ပြုဖို့၊ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေ၊ မွတ်စလင်တွေ ရဲ့ ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေဆိုတာ ဒုက္ခရောက်တဲ့အခါ ခိုလှုံတဲ့နေရာတွေ ဖြစ်လို့ ဒီလို နေရာတွေကို လေးစားမှုတွေရှိဖို့ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို ထောက်ခံပံ့ပိုးတဲ့ အနေနဲ့ ပုပ်ရဟန်းမင်းကြီးက မနေ့က ထပ်လောင်းမေတ္တာရပ်ခံခဲ့တာပါ။