ပီအာ စနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံ

ပီအာ ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံပွဲနဲ့ ပီအာစနစ်အကြောင်း ဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဓမ္မိကရာမ ဘုန်းကြီးကျောင်းမှာ ပြည် သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်နဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။

ပီအာစနစ် ကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က စိတ်တိုင်းကျခန်းမမှာ သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်စဉ် Photo: Wai Yan Moe Myint, Yadanar Oo/RFA

ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ကန့်ကွက်ကြောင်း လက်မှတ်ကောက်ခံပွဲနဲ့ ပီအာ စနစ်အကြောင်း ဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဓမ္မိကရာမ ဘုန်းကြီးကျောင်း မှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်နဲ့ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပခဲ့ပါတယ်။

လက်မှတ်ကောက်ခံပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက် အထွေထွေ အတွင်းရေးမှူး ကိုမြတ်ကျော်က အခုလိုပြောပါတယ်။

"ဆရာ တင်မင်းဦးတို့၊ ဆရာ မောင်အောင်ရှိန် တို့ကနေ ပီအာ ကန့်ကွက်ဟောပြောပွဲရယ်၊ လက်မှတ်ထိုးပွဲရယ်ကို ဒဂုံဆိပ်ကမ်းမှာ လုပ် တာပေါ့နော် အဲ့လိုမျိုး၊ ပီအာလက်မှတ်က ၈ ရက်နေ့ညမှာ နောက်ဆုံးစုမှာ၊ မင်္ဂလာတောင်ညွန့်မှာ ကောက်တယ်၊ တောင်ဒဂုံ ကောက်တယ်၊ ဆိပ်ကမ်းကောက်တယ်၊ ဒေါပုံ ဝင်ကောက်တယ်ပေါ့နော်၊ အဲ့အပြင် မြို့နယ်တွေကတော့ သူတို့လို တက်ကြွလှှုပ်ရှားသူတွေက ဝင်ကောက်နေတယ်"

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၁ မြို့နယ်မှာ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ဒီမိုကရေစီအင်အားစု၊ ကြည့်မြင်တိုင် လူမှုဖံ့ွဖြိုးရေးကွန်ရက် အဖွဲ့ဝင်တွေက ပြီးခဲ့တဲ့သြဂုတ်လ ၂၉ ရက်နေ့ကစပြီး မနက်ဖြန်အထိ ပီအာစနစ် ကန့်ကွက်တဲ့ လက်မှတ်တွေ ကောက်ခံနေတာဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ လက်မှတ်တွေကို ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org