သေဒဏ်ကျ မြန်မာနှစ်ဦး ပြန်လွှတ်ပေးဖို့ ထိုင်းဘုရင်ကိုမေတ္တာရပ်ခံ

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ်စီရင်ချက် ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ကို အသက်ဘေးကနေ ကယ်တင်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်ကို မေတ္တာရပ်ခံတောင်းဆိုပွဲကို ဆရာတော် ဦးပါမောက္ခနဲ့ တက်ကြွလှုပ်ရှားသူ တချို့က ဦးဆောင်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းမှာ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ကို အသက်ဘေးကနေ ကယ်တင်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်ကို မေတ္တာရပ်ခံတောင်းဆိုပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ၂၀၁၉၊ စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့စဉ် ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ်စီရင်ချက် ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို အသက်ဘေးကနေ ကယ်တင်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်ကို မေတ္တာရပ်ခံတောင်းဆိုပွဲကို ဆရာတော် ဦးပါမောက္ခနဲ့ တက်ကြွလှုပ်ရှားသူ တချို့က ဦးဆောင်ပြီး ဒီကနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း အတွက် ထိုင်းဘုရင်မင်းမြတ် မဟာဝချီရာလောင်ကွန် အနေနဲ့ မေတ္တာထားပြီး အသက်ဘေးကနေ ကယ်တင်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုပွဲကို ဆရာတော် ဦးပါမောက္ခနဲ့ တက်ကြွလှုပ်ရှားသူ တချို့က ဦးဆောင်ပြီး ဒီကနေ့ ပြုလုပ်တာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အနေနဲ့လည်း ဇော်လင်းနဲ့ ဝင်းဇော်ထွန်းအတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်ပေးဖို့ ဆရာတော် ဦးပါမောက္ခက ဒီကနေ့ ဆုတောင်းပွဲကနေ မိန့်ကြား တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ဆုတောင်းပွဲမှာ သံဃာတော်တွေကဦးဆောင်ပြီး ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် မေတ္တာသုတ်နဲ့ မောရသုတ် ရွတ်ဖတ်ခဲ့ပါတယ်။

အဲဒီနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ရန်ကုန်မြို့ မနော်ဟရီလမ်းမှာရှိတဲ့ ထိုင်းသံရုံးကို သွားရောက်ရာမှာ သံရုံးတာဝန်ရှိသူတွေက ထိုင်းဘုရင်မင်းမြတ်ထံပေးပို့တဲ့ အသနားခံစာကိုလည်း  လက်ခံခဲ့ပါတယ်။

ဒီတစ်ကြိမ် မေတ္တာထားပြီး အသနားခံစာပို့တဲ့အတွက် ပြန်လည်လွတ်မြောက်ဖို့ ယုံကြည်တယ်လို့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

ဇော်လင်းနဲ့ ဝင်းဇော်ထွန်း သေဒဏ်ကျခံခဲ့ရစဉ်ကတည်းက အခုလို ဆုတောင်းပွဲလုပ်ပြီး သံရုံးကတဆင့် စာပေးပေးပို့တာ လေးကြိမ်မြောက်ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org