လက်ကိုင်ဖုန်း စစ်ဆေးမခံဘဲထွက်ပြေးတဲ့ ပြည်မြို့ခံတစ်ဦး ပစ်သတ်ခံရ

စောဖိုးခွား
2021.05.19


မနေ့ည ၇ နာရီလောက်က ပဲခူးတိုင်း ပြည်မြို့ အထက ၅ ကျောင်းရှေ့ ဆံပင်ညှပ်ဆိုင်ကနေ ဆံပင်ညှပ်ပြီးပြန်လာတဲ့ အသက် ၂၈ နှစ်အရွယ် ကိုငွေသိန်းကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် ဒီနေ့မနက်မှာ ပြည်မြို့ ခုတင် ၁၀၀ စစ်ဆေးရုံကနေ အကြောင်းကြားလို့ လိုက်သွားချိန်မှာတော့ ကိုငွေသိန်းသေဆုံးသွားပြီဖြစ်ပြီး အလောင်းကိုပဲတွေ့ခဲ့ရတယ်လို့ မိသားစုက RFA ကိုပြောပါတယ်။

ဆိုင်ကယ်စီးပြီးပြန်လာတဲ့ ကိုငွေသိန်းကို လမ်းစောင့်စစ်ဆေးရေး စစ်ကောင်စီတပ်သားတွေက တားဆီးပြီး လက်ကိုင်ဖုန်းထဲက အချက်အလက်တွေကို စစ်ဆေးဖို့တောင်းချိန်မှာ မပေးဘဲ ငြင်းဆန်ထွက်ပြေးခဲ့တာကြောင့် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူကိုငွေသိန်းဟာ ကားနဲ့ ဆိုင်ကယ်စတစ်ကာကပ်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူပါတယ်။

ကွန်လွန်ချိန်မှာ ဇနီးနဲ့ အသက် ၄ နှစ်အရွယ်သမီးငယ်တစ်ဦးကျန်ရစ်ခဲ့ပါတယ်။ ကိုငွေသိန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့မိသားစုဝင်တစ်ဦးကို RFA ဝိုင်းတော်သားစောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။