ရခိုင်ကော်မရှင်အဖွဲ့ ကျောက်တော် နဲ့ မြောက်ဦး ရောက်ရှိ
ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်ဆလင်တွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာကို ထည့်သွင်းစဉ်းစားပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို မွတ်ဆလင်တွေဘက်က ဒီနေ့ တင်ပြလိုက်ပါတယ်။
-
2017-06-06 -
-
-
ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်ဆလင်တွေ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတာကို ထည့်သွင်းစဉ်း စားပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ကို မွတ်ဆလင်တွေဘက်က ဒီနေ့ တင်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်အဖွဲ့နဲ့ ကျောက်တော်မြို့နယ်က ဒေသခံမွတ်ဆလင်ခေါင်းဆောင်တွေ ဒီနေ့ တွေ့ဆုံရာမှာ တင်ပြခဲ့ကြတာလို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကျောက်တော်မြို့နယ် ခေါင်းတုတ်မွတ် ဆလင်ကျေးရွာက ဦးမောင်သိန်းက ပြောပါတယ်။
"ကျနော်တို့ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတဲ့ဟာကိုတော့ အဓိကဦးစားပေးပြီး တင်ပြလိုက်ရပါတယ်၊ ၁၉၄၈ ခုနှစ်ကနေ တိုင်းရင်းသားနိုင်ငံ သားတွေကို ထုတ်ပေးထားတဲ့ အမျိုးသားမှတ်ပုံတင်ကတ်ပြားတွေကို အခြားတိုင်းရင်းသား၊ နိုင်ငံသားတွေနည်းတူ ကျနော်တို့လည်းခံစားခွင့်ရရှိချင် ပါတယ်၊ ၁၉၉၀ နောက်ပိုင်း ကျနော်တို့ကိုကျတော့ ဘာကတ်ပြားမှထုတ်ပေးတာမရှိဘူး၊ အဲ့ဒါနဲ့ ကျနော်တို့သွားလာခွင့်တွေမရခဲ့ဘူး၊ အဲ့ဒါတွေကို ကျနော်တို့တင်ပြတာပါခင်ဗျ"
မွတ်ဆလင်ကျေးရွာတွေမှာ ဖွင့်လှစ်ထားတဲ့ အစိုးရစာသင်ကျောင်းတွေမှာ အရင်က အစိုးရကခန့်ထားတဲ့ ဆရာ၊ ဆရာမတွေ စာသင်ပြခဲ့ကြပေမယ့် ၂၀၁၂ ပဋိပက္ခတွေနောက်ပိုင်း လာရောက်ခြင်းမရှိတော့တာကြောင့် ပညာသင်ကြားရေးအပိုင်းမှာ အခက်အခဲတွေဖြစ်နေရတဲ့အကြောင်း တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
မွတ်ဆလင်ကျေးရွာတွေကို ရခိုင်တိုင်းရင်းသားတွေ လာရောက်ပြီး ဈေးရောင်းဝယ်တာတွေနဲ့ ဝင်ထွက် သွားလာလို့ရပေမယ့် မွတ်ဆလင်တွေအနေနဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေနဲ့ မြို့ပေါ်ကို သွား ရောက်ခွင့် ကန့်သတ်ခံထားရတဲ့အကြောင်းကိုလည်း တင်ပြခဲ့တယ်လို့ ဦးမောင်သိန်းကပြောပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ကျောက်တော်မြို့မှာ ဒေသခံရခိုင်တိုင်းရင်းသား တွေနဲ့ သီးသန့်တွေ့ဆုံခဲ့သလို မြောက်ဦးမြို့မှာလည်း မြို၊ ခမီ၊ သက္ကမ စတဲ့ တိုင်းရင်းသားမျိုးနွယ်စု အချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။