ကျောက်မျက်သယံဇာတတွေကို စနစ်တကျတူးဖော်ဖို့ အဆို အတည်ပြု

ကျောက်မျက်ရတနာတွေနဲ့ တွင်းထွက်သတ္တုသယံဇာတတွေကို နောင်လာနောင်သားတွေ အရှည်သဖြင့် ခံစားနိုင်ရေးအတွက် စနစ်တကျတူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ဖို့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် .

ကျောက်မျက်ရတနာတွေနဲ့ တွင်းထွက်သတ္တုသယံဇာတတွေကို နောင်လာနောင်သားတွေ အရှည်သဖြင့် ခံစားနိုင်ရေးအတွက် စနစ်တကျတူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို ပါဝင်ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၁၆ဦး ရှိပြီး ကျောက်စိမ်းဥပဒေကို သီးခြား မပြဌာန်းနိုင်ခင်အထိ စက်ယန္တရားကြီးတွေနဲ့ တူးဖော်ထုတ်လုပ် တာတွေကို ရပ်ဆိုင်းဖို့၊ ဖားကန့်ဒေသမှာ စက်ယန္တရားအသုံးပြု တူးဖော် မှုတွေကို ကန့်သတ်တားဆီးဖို့၊ မြန်မာနိုင်ငံက ရတနာနယ်မြေတွေ ပျက်စီးနေပြီဖြစ်ကြောင်း တင်ပြဆွေးနွေး ခဲ့ကြပါတယ်။

အဆိုကို စေတုတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က တင်သွင်းတာဖြစ်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုကို အတည်ပြုသင့်တယ်လို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ မေလကစပြီး တွင်းထွက်သတ္တုသယံဇာတထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ပူးပေါင်းကွင်းဆင်း စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့နဲ့ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း ဝန်ကြီး ဦးအုန်းဝင်းက တင်ပြခဲ့ပါတယ်။

အဆိုကို ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org