ရိုဟင်ဂျာပြဿနာကြောင့် ချက်ဗရွန် ရေနံကုမ္ပဏီလုပ်ငန်းရပ်ဖို့ စဉ်းစားနေ

မြန်မာနိုင်ငံမှာ ရေနံရှာဖွေထုတ်လုပ်နေတဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန် Chevron ကုမ္ပဏီအနေ နဲ့ လုပ်ငန်းတွေရပ်လိုက်ဖို့ အစုရှယ်ယာဝင်တွေရဲ့ ဆုံးဖြတ်ချက်ကျအောင် တင်ပြမယ်လို့ ရှယ်ယာဝင်တဦးက ပြောလိုက်ပါတယ်။

Chevron ကုမ္ပဏီ အမှတ်တံဆိပ်ကို တွေ့ရစဉ် Photo: www.chevron.com

မြန်မာနိုင်ငံမှာ ရေနံရှာဖွေထုတ်လုပ်နေတဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန် Chevron ကုမ္ပဏီအနေနဲ့ လုပ်ငန်းတွေရပ်လိုက်ဖို့ အစုရှယ်ယာဝင်တွေရဲ့ ဆုံးဖြတ်ချက်ကျအောင် တင်ပြမယ်လို့ ရှယ်ယာဝင်တဦး က ပြောလိုက်ပါတယ်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ကျုူးလွန်နေတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်နေတာကို ဘယ်လိုရှောင်လွှဲနိုင်မလဲဆိုတဲ့ နည်းလမ်းတွေရှာရမယ်လို့ ဆိုပါတယ်။

ချက်ဗရွန်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုက ဒုတိယအကြီးဆုံးရေနံကုမ္ပဏီဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ယူနိုကယ်မြန်မာကုမ္ပဏီနဲ့ အကျိုးတူရင်းနှီးမြှုပ်နှံထားပါတယ်။

မြန်မာနိုင်ငံမှာစီးပွားရေးလုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား အရေးပေးတယ်ဆိုတာလုပ်ဖို့ လိုအပ်ပြီး၊ မြန်မာနိုင်ငံကလုပ်ငန်းတွေရပ်မလားဆိုတာ ရှယ်ယာဝင်တွေ ကြားဆွေးနွေးနေတယ်လို့ ချက်ဗရွန် ကုမ္ပဏီပြောခွင့်ရသူက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org