ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ လူငါးထောင်ကျော် အိုးအိမ်မဲ့ဖြစ်

2022.01.09
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ လူငါးထောင်ကျော် အိုးအိမ်မဲ့ဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shafiullah Kata ဒုက္ခသည်စခန်းမှာ ၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့က မီးလောင်ခဲ့စဉ်
Photo: Maungdaw Daily News

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ အိုးမဲအိမ်မဲ့ဖြစ်သွားတယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

အိမ်ပေါင်း ၁၂ဝဝ လောက် မီးလောင်ခံခဲ့ရတယ်လို့ ဒုက္ခသည်စခန်းလုံခြုံရေးရဲတပ်ဖွဲ့က ပြောပါတယ်။

တနင်္ဂနွေနေ့မနက် ၄ နာရီ ၄ဝ က ကော့စ်ဘဇားဒေသ ဒုက္ခသည်စခန်းအမှတ် ၁၆ မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ငါးထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ မနက် ၆နာရီခွဲလောက်မှာတော့ မီးကိုငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တခြားဒုက္ခသည်စခန်းတစ်ခုက ကိုဗစ်ကုသရေးဌာန မီးလောင်လို့ ပျက်စီးခဲ့ရပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။