မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် RSF ပြစ်တင်ဝေဖန်

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်အတွင်း အာရှ ပစိဖိတ်ဒေသက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ သတင်းမီဒီယာ ထိန်းချုပ်မှုပုံစံ ခြိမ်းခြောက်ခံနေရတယ်လို့ RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတိပေးလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းနေစဉ်

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်အတွင်း အာရှ ပစိဖိတ်ဒေသက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ သတင်းမီဒီယာ ထိန်းချုပ်မှုပုံစံ ခြိမ်းခြောက်ခံနေရတယ်လို့ RSF ခေါ် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့က သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမှာ တရုတ်ပုံစံဝင်နေတယ်လို့ RSF က ထုတ်ပြန်လိုက်တဲ့ ၂၀၁၈ ခုနှစ် အာရှ ပစိဖိတ်ဒေသ သတင်းမီဒီယာညွှန်းကိန်းက ဆိုပါတယ်။

မြန်မာမှာတော့ ပြီးခဲ့တဲ့နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရဟာ ဒီမိုကရေစီဖော်ဆောင်ရာမှာ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင် ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းထောက်နှစ်ဦး တရားရင်ဆိုင်နေရဆဲဖြစ်သလို၊ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာလည်း ဘာသာ လူမျိုး အမုန်းစကားတွေ လွှမ်းမိုးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org