အစိုးရက တောင်းပန်ဖို့ လိုကြောင်း ရွှေဝါရောင် သံဃာတွေ မိန့်ကြား
ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတာကို သပိတ်ပြန် လှန်ပေးဖို့အတွက်ဆိုရင် အစိုးရက တောင်းပန်ဖို့လို အပ်ကြောင်း ၂ဝဝ၇ ရွှေဝါရောင်သံဃာတော်တွေက ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။
-
2013-09-18 -
-
-
Your browser doesn’t support HTML5 audio
ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ထားတာကို သပိတ်ပြန်လှန်ပေးဖို့အတွက်ဆိုရင် အစိုးရက တောင်းပန်ဖို့လိုအပ်ကြောင်း ၂ဝဝ၇ ရွှေဝါရောင်သံဃာတော်တွေက ဒီနေ့ တောင်းဆိုလိုက်ကြပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာကျင်းပတဲ့ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ရွှေဝါရောင်သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးစန္ဒာသီရိက မိန့်ကြားလိုက်တာဖြစ်ပါတယ်။
"ဦးဇင်းတို့ သံဃာထုအနေနဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ ပြုလုပ်ထားတာ ၁၉ဝဝ ခုနှစ်နဲ့ ၂ဝဝ၇ ခုနှစ်ဆိုရင် စစ်အစိုးရလက်ထက်မှာ နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်၊ တိုင်းပြည်မှာ ပြည်သူလူထုအကျိုးကို ငဲ့ကွက်ပြီးတော့ သပိတ်မှောက် ကံဆောင်ထားတဲ့ကိစ္စကို ပြန်ပြီးတော့ သပိတ်လှန်ပေးချင်တယ်၊ ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာတရားအရ ဦးဇင်းတို့ သပိတ်မှောက်ထားတဲ့ အစိုးရတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဆရာတော်၊ သံဃာတော်တွေကို ဝန်ချတောင်းပန် လျှောက်ထားတဲ့ကိစ္စပြုမှသာလျှင် သပိတ်ကိုလှန်ပေးလို့ရမှန်ဖြစ်တယ်”
စစ်အစိုးရလက်ထက် ၁၉၉ဝ ခုနှစ်မှာ တစ်ကြိမ်၊ ၂ဝဝ၇ ခုနှစ်မှာတစ်ကြိမ် သံဃာတော်တွေက စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြတယ်လို့ သံဃာတွေက မိန့်ပါတယ်။
အမျိုးဘာသာ သာသနာထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ အခြေခံဒီမိုကရေစီရရှိရေးစတဲ့ ရည်ရွယ်ချက်လေးချက်နဲ့ ဒီရွှေဝါရောင် ၆ နှစ်ပြည့် အခမ်းအနားကို ကျင်းပတာလို့သိရပါတယ်။
ဒီအတောအတွင်း ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို မဲဆောက်ြမို့ တောရဘုန်းတော်ြကီးကျောင်းမှာ အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင်အဖွဲ့က ကမကထပြုပြီး ဒီနေ့ မနက်ပိုင်းမှာကျင်းပခဲ့ပါတယ်။
အခမ်းအနားကျင်းပရတဲ့ ရည်ရွှယ်ချက်ကို အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင် မဲဆောက်ဌာနခွဲရဲ့ တာဝန်ခံ ဦးစန္ဒောဘာသက အခုလိုမိန့်ပါတယ်။
“သံဃာတော်တွေကို အစိုးရကနေတောင်းပန်ပါဆိုတဲ့ ပထမရည်ရွယ်ချက်နော်၊ ဒုတိယရည်ရွှယ်ချက်ကတော့ သာသနာတော်ြကီးကို ဖျက်လိုရာဖျတ်စီးကြောင်း ြကံစည်တယ်၊ ရည်ရွယ်တယ်၊ နောက်ပြီး သံဃာတော်တွေကို အသင်းခွဲတယ်၊ သံဃာတော်တွေကို အသင်းခွဲတာကလည်း အင်မတန်မှ အပြစ်ြကီးတယ်၊ အဲဒီဥစ္စာတွေကို မလုပ်ပါနဲ့၊ ရပ်တန်းက ရပ်ပါဆိုတာကို ရည်ရွှယ်ပြီးတော့ ဒီခြောက်နှစ်မြောက် ရွှေဝါရောင်လှုပ်ရှားမှုကို ကျင်းပရခြင်းဖြစ်တယ်။”
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှာကျင်းပတဲ့ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။