စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လူဦးရေ ၈ ထောင်ကျော် ပြောင်းရွှေ့

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၈ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ချင်းတွင်းမြစ်ရေမြင့်တက်နေရာ မြစ်ကမ်းတစ်လျှောက် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ် Photo: MOI Webportal Myanmar

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၈ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

အဲဒီ မြို့နယ် ၈ မြို့နယ်ထဲမှာ ခန္တီးမြို့နယ်က လူဦးရေ ၃၃၀၀ ကျော် ပြောင်းရွှေ့ထားရတဲ့အတွက် တိုင်းတစ်ခုလုံး မှာ ရေဘေးဒုက္ခကြောင့် ပြောင်းရွှေ့ရမှု အများဆုံးလည်းဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနထံကနေ သိရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေပြောင်းရွှေ့မှု ဒုတိယအများဆုံးက စစ်ကိုင်းနဲ့ တတိယအများဆုံးက ဟုမ္မလင်းမြို့နယ်တို့ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မြို့နယ် ၈ မြို့နယ်မှာ ခန္တီး၊ ဟုမ္မလင်း၊ ကလေး၊ ကသာ၊ ဖောင်းပြင်၊ မော်လိုက်၊ ထီးချိုင့်နဲ့ စစ်ကိုင်းတို့ ဖြစ်ပါတယ်။

အလားတူပဲ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဗန်းမော်ခရိုင်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည် အရေအတွက်ဟာ ဒီကနေ့အထိ ၁၆၀၀ ကျော် ရှိလာပြီလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org