ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့က ထုတ်ပြန် လိုက်တယ်လို့ သိရပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်၀ အဝင် နေရာမှာ စိုက်ထူထားတယ်လို့ လယ်သမားတစ်ဦးက ပြောပါတယ်။

လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ပတ်သက်ပြီး ဒေသခံ တောင်သူ လယ်သမားတွေက ဝမ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လအတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့ အချက်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ အပါအဝင် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ်ထိုးခဲ့ပေမယ့် ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ် ။

“ကုန်းတော်ပေါ်က ဘုရားတွေလည်း သူတို့က လှည့်ပတ်ပြီးထိုးထားတာ။ ဘုရားနဲ့ စင်ကလေးတွေပဲ ကျန်တော့တယ်။ နဂိုက လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတဲ့နေရာ၊ တရားထိုင်တဲ့ အားထုတ်ခဲ့တဲ့နေရာတွေမှာ အကုန်လုံး ဖျက်ဆီးပစ်လိုက်ကြတယ်ခင်ဗျ။ ကျွန်တော်တို့တောင်းဆိုထားခဲ့တာကို သူတို့က ဆက်မဝင်တော့ဘူးဆိုပြီးတော့ တာဝန်ခံ ဦးပိုင်က ဦးမြင့်အောင်က ပြောတယ်ဆိုပြီးတော့ အခု ဒီနေ့ ပြေလည်မှုမရသေးဘဲနဲ့ ဒီဟာတွေကို ဆက်လုပ်တယ် ဆိုတော့ ကျွန်တော်တို့ ဝန်ကြီချုပ်ဆီ စာသွားတင်ပါတယ်”

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့စစ်တပ်က စောင့်ကြပ်နေတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်  ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org