ပိတ်ဆို့တာတွေလုပ်ဖို့ ပြောဆိုမှုအပေါ် စိုးရိမ်မှုမရှိကြောင်း ကာကွယ်ရေးဝန်ကြီးပြော
ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေလုပ် ဖို့ ဆွေးနွေးပြောဆိုမှုတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။
-
2017-10-15 -
-
-
ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ကို ကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ဆွေးနွေးပြောဆိုမှုတွေအပေါ် စိုးရိမ်မှုမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးပွဲ ၂ နှစ်ပြည့် အခမ်းအနားအပြီးမှာ RFA ရဲ့ မေးမြန်း ချက်ကို ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အဲဒါနဲ့ပတ်သက်လို့လည်း ကျနော်တို့ဘက်က ဘာမှပြောစရာမရှိဘာဘူး၊ ကျနော်တို့ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ ကံကံ၏အကျိုးပေးပဲယုံပါတယ်၊ ကိုယ်ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမှာပဲ၊ ကိုယ်မကောင်းတာလုပ်ရင်လည်း မကောင်းတဲ့အကျိုးရမှာပဲ၊ ကျနော်တို့က လိပ်ပြာသန့်ပါတယ်၊ ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်နဲ့ နိုင်ငံကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် သူများတွေ ဘာပြောပြော သိပ်ပြီးတော့ စိုးရိမ်မှုမရှိပါဘူး"
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်ပြီးနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူ ၅ သိန်းကျော်ရှိတဲ့အတွက် အဲဒီလို ထွက်ပြေးမှု ဖြစ်ပေါ်စေတာဟာ တပ်မတော်မှာ တာဝန်ရှိတယ်ဆိုပြီး မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ အနောက်နိုင်ငံတွေက စဉ်းစားနေတယ်ဆိုပြီး နိုင်ငံတကာမီဒီယာ အချို့မှာ ဖော်ပြခဲ့တာရှိပါတယ်။