ဘိုကလေးမြို့နယ်က လူငယ်လေးဦး သေဒဏ်ချမှတ်ခံရ

ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးအမှုအတွက် လူငယ်လေးဦးကို ဖျာပုံခရိုင်တရားရုံးကသေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်က တွေ့ရစဉ်။ Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ၂၀၂၂ ခုနှစ်က စစ်ကောင်စီသတင်းပေးဆိုပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးအမှုအတွက် လူငယ်လေးဦးကို ဖျာပုံခရိုင်တရားရုံးက စက်တင်ဘာ ၁၂ ရက်နေ့က သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ ဘိုကလေးမြို့နယ်က လူငယ်တွေဖြစ်တယ်လို့ ဒီအမှုအကြောင်းကို သိရှိထားတဲ့ ဘိုကလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ဘိုကလေး (၆) ရပ်ကွက်မှာ သင်္ကြန်တုန်းကလေ သူဇာကြီးဆိုတဲ့မိန်းမ ငွေတိုးချေးစားတဲ့ ဟောင်ဖွာဟောင်ဖွာနဲ့ မိန်းမကြီးကို ပစ်သတ်လိုက်တာလေ၊ စျေးထဲမှာလေ။ အဲဒီအမှုမှာပါတဲ့ လေးယောက်ကို သေဒဏ်ချလိုက်တာ"

သေဒဏ်အမိန့်ချမှတ်ခံရသူတွေကတော့ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမင်းသူအောင်နဲ့ ကိုပြည့်စုံဖြိုး တို့ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)နဲ့ သေဒဏ်ချမှတ်ခံရတာလို့လည်း ဆိုပါတယ်။

သူတို့လေးဦးစလုံးကို တရားရုံးက အမိန့်ချမှတ်ပြီးနောက် ချက်ချင်း ပုသိမ် အကျဉ်းထောင်ကို ဆက်လက် ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org