စက်ရုံကြောင့် ပျက်စီးရတဲ့ မြေ များ လျော်ကြေးရရှိဖို့ တောင်းဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်နဲ့ မလကျွန်းကျေးရွာ တောင်သူတွေက ရွှေ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံကြောင့် ပျက်စီးသွားတဲ့ မြေဧက ၆၀ ကျော်အတွက် လျော်ကြေး အပြည့်အဝရရှိပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မလကျွန်းမှာရှိတဲ့ ရွှေဂတ်စ် စီမံကိန်း အဆောက်အဦးပုံကို တွေ့ရစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်နဲ့ မလ ကျွန်းကျေးရွာ တောင်သူတွေက ရွှေ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံကြောင့် ပျက်စီးသွားတဲ့ မြေဧက ၆၀ ကျော် အတွက် လျော်ကြေးအပြည့်အဝရရှိပေးဖို့ တောင်းဆို လိုက်ကြပါတယ်။

အဲဒီကျေးရွာ ၂ ရွာက တောင်သူတွေဟာ ကျောက်ဖြူ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံ ပြီး တောင်းဆိုလိုက်တာ လို့ ဒီနေ့တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ မလကျွန်းရွာခံ ဦးမျိုးထွန်းက ပြောပါတယ်။

"ပိုင်ရှင်မသိဘဲနဲ့ အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်း တာတို့ အဲ့ဒါတွေကို ပွင့်ပွင့်လင်းလင်း တောင်သူ လယ်သမားနဲ့ ရိုးရိုးကုမ္ပဏီတို့နဲ့ သုံးပွင့်ဆိုင် လုပ်သင့်လုပ်ထိုက် တာတွေကို ဒီနေရာ ကနေတောင်းဆိုလိုက်တာပါ "

ပျက်စီးသွားတဲ့မြေယာတွေအတွက် လျော်ကြေးငွေကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ လယ်သမား၊ အစိုးရ၊ ဒေဝူး ကုမ္ပဏီတို့ ၃ ပွင့်ဆိုင်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးက သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဂုံးချွိန်နဲ့ မလကျွန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်ကစပြီး ဒေဝူးကုမ္ပဏီ က တာဝန်ယူ ဆောက်လုပ် ထားတဲ့ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ အတွက် မြေသား ညှိတာတွေ၊ တောင်တွေကနေ မြေတူးတာတွေကြောင့် အနီးအနားမှာရှိတဲ့ ဥယျာဉ်ခြံ မြေနဲ့ လယ်ယာမြေ ဧက ၆၀ ကျော်မှာ ရွှံ့တွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org