၀န်ကြီးကို ရာထူးက ထွက်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေ ကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ဝန်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ် ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာသားများ နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ တွေ့ဆုံကြစဉ် capture from youtube

မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ဝန်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဦးအေးသိန်းက ဝန်ကြီး ဦးအုန်းမြင့်ကို တာဝန်ကရပ်စဲစေပြီး ဥပဒေပုဒ်မ တစ်ချို့နဲ့ပါ အရေးယူပေးဖို့ တောင်းဆိုကြောင်း အခုလို ပြောပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ မြို့တော်ဥယျာဉ် ကနေ ဈေးချိုအထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် စပြီးထွက်ချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တာကြောင့် အဲဒီအတားခံရတဲ့ နေရာမှာပဲ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သစ်ရာကောက်ရွာသားတွေက ဝန်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြဖို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တင်ပြရာမှာ ပယ်ချခံခဲ့ရတဲ့အတွက် သစ်ရာကောက်ရွာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အစိုးရနဲ့ ပြည်သူအကြား နားလည်မှုတွေ လွဲနိုင်တာကြောင့် ခွင့်မပြုတာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောကြောင်း သစ်ရာကောက်ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သူထွန်းက ပြောပါတယ်။

ဒေသခံတွေဟာ ဝန်ကြီး ဦးအုန်းမြင့်ကို ဒီလထဲမှာ ဆန္ဒပြခွင့်ရရေးအတွက် ထပ်မံ တင်ပြသွားမယ်လို့ လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org