ဆုန်ကရန် ရေကစားပွဲကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေ

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေတယ်လို့ The Nation သတင်းမှာ အောက်တိုဘာလ ၂၃ ရက် မနေ့က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဆုန်ကရန် သင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေတယ်လို့ The Nation သတင်းမှာ အောက်တိုဘာလ ၂၃ ရက် မနေ့က ဖော်ပြပါတယ်။

သင်္ကြန်ရေကစားပွဲတော်ကို ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေနဲ့ ပြသလိုတာအပြင် တခြားနိုင်ငံတွေမှာ “ရေကစားပွဲတော်” ကျင်းပ အသုံးပြုတာကနေ ကာကွယ်လိုတဲ့အတွက်ဖြစ်တယ်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ Chadatip Chutrakul က ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းမြှင့်တင်မှုက အရေးပါပြီး ထိုင်းကို ကမ္ဘာ့ထိပ်တန်းပွဲတော်တွေ ကျင်းပရာ နေရာတစ်ခုအဖြစ် သတ်မှတ်ဖို့ အရေးကြီးတယ်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ Chadatip Chutrakul က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောသွားတယ်လို့ ဆိုပါတယ်။

ဆုန်ကရန်သင်္ကြန်ပွဲတော်ကို မူပိုင်ခွင့်သတ်မှတ်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ တစ်မူထူးခြားတဲ့ ယဥ်ကျေးမှုနဲ့ ရိုးရာဓလေ့ကို ကာကွယ်နိုင်မဲ့အပြင် ဒီပွဲတော်ရဲ့ လူကြိုက်များမှုကိုလိုက်ပြီး ဒေသတွင်းမှာသာမက တစ်ကမ္ဘာ လုံးဆီကနေ ဘဏ္ဍာရေးအကျိုးအမြတ်တွေရနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆုန်ကရန် ရေကစားပွဲတော်ကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုကြေညာသွားတာပါ။

ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့အတွက် ၂၀၂၄ ခုနှစ် ဧပြီလ ၁၂ ရက်ကစလို့ ၁၇ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်းမှာ အထိမ်းအမှတ်ပွဲတွေ စည်ကားစွာကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org