မုန်တိုင်းငယ် ဝင်ရောက်နိုင်ခြေရှိ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံထဲကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဝင်ရောက်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်း နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေ သတိပြု ကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြော ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်တစ်ခုကို တွေ့ရစဉ် Photo: U Tun Lwin Facebook

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံထဲကို လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဝင်ရောက်နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေ သတိပြုကြဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ အခုအချိန်မှာ သိပ်အားမပြင်းသေးပေမယ့် အပြောင်းအလဲဖြစ်နိုင်တာကြောင့် မိုးလေဝသ သတင်းတွေကို စောင့်ကြည့်၊ နားထောင်ဖို့ ဦးထွန်းလွင်က ပြောပါတယ်။

"မုန်တိုင်းငယ်က ဒီနေ့စဖြစ်နေပြီလေ။ ပထမ တစ်ရက် နှစ်ရက်ကတော့ မြစ်ဝကျွန်းပေါ်ရောက်မယ်။ အနီးနားရောက်မှ အိန္ဒိယဘက်ကိုပြန်ကွေ့မယ်။ အဲ့လိုမှန်းထားပါတယ်။ မုန်တိုင်းဖြစ်နေတာ သတိထား ရမှာပေါ့။ မုန်တိုင်းသတင်းစောင့်ကြည့်ရမှာပေါ့။ မုန်တိုင်းဘာပြောနေလဲ။ အချိန်နဲ့အမျှသိ ရအောင် စောင့်ကြည့်နေရမှာပေါ့။ လောလောဆယ်တော့ မပြင်းထန်ဘူး။ သူက မုန်တိုင်းငယ်ပဲ။ ဆိုင်ကလုန်းတောင် လောလောဆယ်ဖြစ်ဖို့ မရှိသေးဘူး။ ဒါပေမဲ့ အပြောင်းလဲရှိနိုင်တယ်လေ။ နေ့ တိုင်းတော့ ကြည့်မှ ရမယ်နော်"

တကယ်လို့ မြစ်ဝကျွန်းပေါ်ဘက်ကို ဝင်ရောက်လာရင်တော့ မိုးသည်းထန်နိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင် တယ်လို့ပြောပါတယ်။

မုန်တိုင်းငယ်ဟာ ဒီနေ့အတွင်း အားကောင်းလာနိုင်ပြီး မြန်မာ့ကမ်းရိုးတမ်းဘက်ကို ဦးတည်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဲဒီမုန်တိုင်းရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်တာကြောင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ သတိပြုဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org