လေပြင်းတိုက်ခတ်မှုကြောင့် နှစ်လအတွင်း လူ ရှစ်ယောက် သေဆုံး

နှစ်လအတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ ရှစ်ယောက် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၄,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းမှာ ၂၀၁၉၊ ဧပြီ ၁၈ ရက်နေ့က လေပြင်းတိုက်ခိုက်လို့ ပျက်စီးခဲ့တဲ့ အိမ်တချို့ကို တွေ့ရစဉ် Photo: Aung Nay Myo

နှစ်လအတွင်း တိုင်းနဲ့ပြည်နယ် ၁၃ ခုမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ ရှစ်ယောက် သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၄,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်းတွေအရ ပြောပါတယ်။

လေဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ ပျက်စီးမှုအများဆုံးဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး မဖြူလဲ့လဲ့ထွန်း က RFA ကို ဒီနေ့ ပြောပါတယ်။

ဒါ့အပြင် လေပြင်းကြောင့် နေအိမ်အလုံး ၈၀၀ လုံးဝပြိုကျပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးတဲ့နေအိမ် ၁၄,၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီစာရင်းတွေဟာ မတ် ၂၉ ရက်နေ့ကနေ မေ ၂၁ ရက်နေ့အထိ စာရင်းတွေဖြစ်ပြီး ရခိုင်နဲ့ မွန်ပြည်နယ်ကလွဲလို့ ကျန်တဲ့ပြည်နယ်နဲ့တိုင်း ၁၃ ခုမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org