ရန်ကုန်အဝင်လမ်းမှာ လုံခြုံရေးတွေ ရာနဲ့ချီ တိုးမြှင့်ချထား
ရန်ကုန်တိုင်းဒေသကြီး လှည်ကူးနဲ့ ဥက္ကံမြို့နယ်တွေမှာ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ စစ်ကားတွေ ချထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
- 2015-02-14
-
-
-
ရန်ကုန်တိုင်းဒေသကြီး လှည်ကူးနဲ့ ဥက္ကံမြို့နယ်တွေမှာ ရဲတပ်ဖွဲ့၊ မီးသတ်နဲ့ စစ်ကားတွေ ချထားတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူ ကျောင်းသားတွေ ရန်ကုန်မြို့ ဧရိယာ အတွင်း ဝင်ရောက်လာတဲ့အခါ တားဆီးနိုင်အောင် လုံခြုံရေးချထားတာ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။
လှည်းကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းအောင်ကတော လုံခြုံရေး တိုးမြှင့်ချ ထားတာတွေမရှိကြောင်း ငြင်းဆိုပါတယ်။
"ကျောင်းသားတွေကို တားရဖို့ အပေါ်က အမိန့်ပေးတာတို့ဘာတို့မရှိဘူးဗျ၊ ကျနော်တို့ သိရတာကတော့ ကုန်ကားတွေဘာတွေပေါ့ သွားတာလာတာ တရားမဝင်ပစ္စည်းတွေမပါဖို့ ရဲတွေ ဘာတွေချထားတာလောက်ပဲ ကျနော်သိတယ်ဗျ၊ ခါတိုင်းလိုပဲ ဇရပ်ကွင်မှာပဲပေါ့နော်၊ ရဲတပ်ဖွဲ့အင်အား ဘယ်လောက်ရှိတယ် ဘာလုပ်တယ် ကျနော်တော့ မသိဘူးဗျ၊ ပုံမှန်ချတာတွေတော့ရှိပါတယ်"
လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆ လောက်မှာ လုံခြုံရေးအင်အား ၂ဝဝ လောက်ရှိမယ်လို့ သိရပါတယ်။
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်း ဝင်ရောက်ခွင့်မပြုဘဲ ဥပဒေအတိုင်းဆောင်ရွက်သွားမယ်ဆိုပြီး အစိုးရက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ဥက္ကံမြို့နယ် မီးနင်းချောင်းတံတားဘေးမှာလည်း ရဲတပ်ဖွဲ့အင်အားတွေအပြည့်နဲ့ လုံခြုံရေးတွေချထား တာတွေရှိနေကြောင်း ဥက္ကံမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"မနက်ကတုန်းကပေါ့လေ မီးသတ်တွေ၊ ရဲတွေကပေါ့လေ ပဲခူးတိုင်နဲ့ ရန်ကုန်တိုင်းကြား မီးနင်းချောင်း မှာ လုံခြုံရေးတွေ တိုးမြင့်ထားတာလို့ပြောတယ်၊ ကျောင်းသားတွေပေါ့ ရန်ကုန်တိုင်းဘက် မလာခိုင်း ဘူး၊ သူတို့အတွက် လုံခြုံရေး ပိုပြီးချထားတယ် အဲ့လိုပဲပြောသွားတယ်"
ကျောင်းသားကျောင်းသူတွေ ပါဝင်တဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ဒီနေ့ညမှာ ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ကြို့ ပင်ကောက်မြို့မှာ ညအိပ်မှာဖြစ်ပြီး ထားဝယ်၊ မော်လမြိုင်နဲ့ မြေလတ်ဒေသကကျောင်းသားတွေကလည်း ပဲခူး မြို့မှာ ညအိပ် ရပ်နားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဖက်က သပိတ်မှောက် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ စစ်ကြောင်းကတော့ ဖျာပံုံမြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။