ကျောင်းသားတွေရဲ့ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုကို ထောက်ခံ တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံကျောင်းသားတွေကို ရွေးကောက်ပွဲမတိုင် ခင် ပြန်လွှတ်ပေးဖို့ သာယာဝတီထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ဒီနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြမယ့် အခြားကျောင်းသား ၃ ယောက်ကို ထောက်ခံ ဝန်းရံတဲ့လှုပ်ရှားမှုတွေ မြို့တချို့မှာ ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။

အစာငတ်ခံဆန္ဒပြတဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့ သာယာဝတီထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းနဲ့၊ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြမယ့် အခြားကျောင်းသား ၃ ယောက်ကို ထောက်ခံဝန်းရံတဲ့လှုပ်ရှားမှုတွေ မြို့တချို့ မှာ ဒီနေ့ပြုလုပ်ခဲ့ ကြပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသ မုံရွာခရိုင်က ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေက မုံရွာရွှေစည်းခုံဘုရားမှာ ဝတ်ပြုဆုတောင်း ကြသလို၊ စတစ်ကာဝေတာတွေ ပိုစတာတွေကိုင်ပြီး လမ်းလျှောက်တဲ့ လှုပ်ရှားမှုတွေ ဒီနေ့မနက်က ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ တောင်တွင်းကြီးမြို့မှာလဲကျောင်းသားတချို့က ဆုတောင်းပွဲပြုလုပ်ခဲ့ကြသလို ပြည်မြို့မှာဆိုရင် လည်း ကျောင်းသားတွေက ဗိုလ်ချုပ်ကြေးရုပ် ကနေရွှေဆံတော်ဘုရားထိ ချီတက်လမ်းလျှောက်ပြီး ဘုရားမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

သာယာဝတီတရားရုံးမှာ မနေ့က ရုံးထုတ်ချိန်မှာတော့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ က ပုဂ္ဂိုလ်တချို့နဲ့နိုင်ငံခြားသတင်းထောက် တချို့က ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီကျောင်းသားတွေထဲက ၇ ဦးက တရားစီရင်ရေးကို အယုံအကြည် မရှိတော့တဲ့အတွက်ဆိုပြီး ရှေ့နေ ပါဝါတွေလည်း ပြန်ရုပ်သိမ်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org