တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေး ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံး ဆုံးဖြတ်ချက်ချ

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားအရေးကို အစိုးရရဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးက အလုပ်သမားတစ်ဦးကို တခြားခံစားခွင့်မပါ အနည်းဆုံး လစာငွေ ငါးသောင်း တစ်ထောင် သတ်မှတ်ပြီး မနေ့ ညနေက ဆုံးဖြတ်ချက်ချပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လှိုင်သာယာ စက်မှုဇုံ ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြနေစဉ် RFA

ဒီကိစ္စနဲ့ပတ်သက်လို့ တောင်းဆိုထားတာတွေ တစ်ခုမှ လိုက်လျောတာ မတွေ့ရတာကြောင့်ရော၊ မူရင်း လစာငွေထက် နှစ်သောင်းကျော်ကျော် နည်းသွားတာကြောင့်ရော အလုပ်သမားတွေက မကျေနပ်ကြောင်း အလုပ်သမားကိုယ်စားလှယ် မမိုးဝေက အာအက်ဖ်အေကို ပြောပါတယ်။

အလုပ်သမားတွေက လုပ်ခ တစ်နာရီနှုန်းထား ၇၅ ကျပ်ကနေ ၁၅၀ ကျပ်ထိ တိုးပေးဖို့ တစ်လလုံး အလုပ်ပျက်ရက်မရှိဘဲ အလုပ်ဆင်းလို့ရတဲ့လုပ်ခကို ခြောက်ထောင်ကျပ်ကနေ ရှစ်ထောင်ကျပ်ကို တိုးပေးဖို့ စတဲ့အချက်တွေ အပါအဝင် စုစုပေါင်း ခုနစ်ချက် တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရှင်က လုပ်ခ တစ်နာရီနှုန်းထားကို ၂၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ကျပ်တစ်ထောင် တိုးပေးမယ်လို့ ညှိခဲ့ပေမယ့် အလုပ်သမား သုံးပုံနှစ်ပုံက လက်မခံဘဲ ဝါဏိဇ္ဇပဋိပက္ခ ဖြေရှင်းရေးရုံးကို တိုင်ကြားခဲ့တာပါ။ အခုဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိတဲ့အတွက် အဆင့်ဆင့် ဆက်လက် တိုင်ကြားမယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေကပြောပါတယ်။

အလုပ်သမား ကိုယ်စားလှယ် မမိုးဝေနဲ့ အာအက်ဖ်အေ ဆက်သွယ်မေးမြန်းချက်ကို ဆက်လက် နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org