အစိုးရဝန်ထမ်းတွေ တွေးခေါ် လုပ်ကိုင်ပုံ ပြောင်းလဲကြဖို့ သမ္မတရုံးဝန်ကြီး တိုက်တွန်း


2013.08.03
minster-of-president-office-305.JPG ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ သြဂုတ်လ ၃ ရက်နေ့က မိန့်ခွန်းပြောနေသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်းကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဗဟိုပြု တဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်နိုင်ဖို့အတွက် လက်ရှိ တာဝန် ထမ်းဆောင်နေကြတဲ့ အစိုးရ ဋ္ဌာနဆိုင်ရာ န်ထမ်းတွေ အနေနဲ့ တွေးခေါ်လုပ်ကိုင်တာတွေ ကို ပြောင်းလဲဖို့ လိုတယ်လို့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း ဒီကနေ့ တိုက်တွန်း လိုက်ပါယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ မှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အထောက်အကူပြု ကော်မတီတွေ၊ စီမံခန့်ခွဲရေး ကော်မတီဝင်တွေ အပါအင် ၊မြို့မိမြို့ဖတွေနဲ့ ဒီကနေ့တွေ့ဆုံချိန် မှာ သမ္မတရုံးဝန်ကြီးက အခုလို ပြောဆိုလိုက်တာပါ။

"ကျနော်တို့ အစိုးရဌာနဆိုင်ရာလုပ်ငန်းမှာ လည်း ခေတ်ပြောင်းနေပြီ၊ စနစ်ပြောင်းနေ ပြီ၊ ပြည်သူအများစုကလည်း ဒီဌာနဆိုင်ရာများကို အားကိုးချင်နေပြီ၊ ဒါ့ကြောင့် တွေးခေါ် လုပ်ကိုင်ပုံတွေ ပြောင်းရမှာဖြစ်တယ်၊ ပြည်သူ့အကျိုးစီးပွားကို ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာများရဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီးတော့မှ အစိုးရအုပ်ချုပ်မှုယန္တရားကို တိုင်းတာမှာဖြစ်တယ်”

ဒါ့အပြင် သမ္မတရုံးဝန်ကြီး နောက်တစ်ဦးဖြစ်သူ ဦးစိုးသိန်းကလည်း ပြည်ထောင်စု အစိုးရ၊တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူလူထုကို ပါဝင်စေလိုတဲ့အတွက် ဒေသ ခံပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ဒီကနေ့ လာရောက်ရတာဖြစ်တယ် လို့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။