တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရှမ်းပြည်နယ် NLD ပါတီ အနေနဲ့ ဆင်နွဲခွင့်ရရှိ
ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကို မနေ့က နိုဝင်ဘာလ ၉ ရက်နေ့က ခမ်းခမ်းနားနား စတင် ကျင်းပပြုလုပ်ရာမှာ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ၂၃ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
2011-11-09 -
-
-
ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်၏ ကျော်ကြားလှသည့် မီးပုံးပျံလွှတ်ပွဲကို ၂၀၀၉ ခုနှစ် ပွဲတော်ညတွင် မြင်ရပုံ ဖြစ်ပါသည်။
RFA
အဲဒီ ပဒေသာပင် လှည့်လည်ပွဲမှာ ရှမ်းပြည်နယ် NLD အဖွဲ့က ကျပ်ငွေ တန်ဖိုး ၃ သိန်းကျော် တန်ဘိုးရှိတဲ့ ပဒေသာပင် တစ်ပင် ပါဝင် ဆင်နွှဲခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းကစပြီး ရှမ်းပြည်နယ် NLD အဖွဲ့ ပါဝင်ခွင့် မရခဲ့ဘဲ ဒီနှစ်မှာ ပဒေသာပင် သီးခွင့်ရော လှည့်လည်ခွင့်ပါ ပြန်လည် ရရှိခဲ့တာ ဖြစ်ကြောင်း
ရှမ်းပြည်နယ် အန်အယ်လ်ဒီ ဗဟိုဦးစီး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
ဒီပဒေသာပင်လှည့်လည်ပွဲမှာ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ အတူ ဗေဒါ စာသင်ကျောင်းဖွင့်ပွဲ အတွက် တောင်ကြီးမြို့ကို ရောက်ရှိနေတဲ့ ကိုမျိုးရန်နောင်သိန်း၊ ရန်ကုန် BG သွေးအကူအညီပေးရေး အဖွဲ့ဝင်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။