မြန်မာတော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ ထိုင်းရဲချုပ် အမိန့်ထုတ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တွေကိုလည်း ဒီရက်ပိုင်းတွေအတွင်း ပြည်ဝင်ခွင့်မပြုဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကလည်း သတိပေးချက် ထုတ်ထားပါတယ်။

APEC ညီလာခံ ကျင်းပနေသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center အနီးတွင် လုံခြုံရေးယူထားသည့် အဓိကရုဏ်းနှိမ်နင်းရေးရဲအရာရှိများကို ၂ဝ၂၂ နိုဝင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo : Reuters

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၉ ထိ အာရှ ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံ ကျင်းပမှာဖြစ်လို့ မြန်မာတော်လှန်ရေးသမားတွေ၊ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ထိုင်းရဲချုပ်က အမိန့်ထုတ်ထားပါတယ်။

ဘန်ကောက်လေဆိပ် အပါအဝင် ဘန်ကောက်မြို့ နဲ့ မြန်မာနယ်စပ်အနီးက ဟိုတယ်တွေ၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့သူတွေအတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ငှားရမ်းထားပေးတဲ့ နေအိမ်တွေကို စောင့်ကြပ်ကြည့်ရှုဖို့ သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်တွေကိုလည်း ဒီရက်ပိုင်းတွေအတွင်း ပြည်ဝင်ခွင့်မပြုဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကလည်း သတိပေးချက် ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ဖို့ ဗီဇာလျှောက်ထားသူ နှစ်ထောင်ကျော် နဲ့ ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်နေသူတွေကို ဗီဇာငြင်းပယ်ထားပြီး နိုင်ငံတွင်းက အမြန်ဆုံးထွက်ခွာဖို့လည်း ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေကို ခွင့်မပြုနိုင်ဘဲ တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက်အရေးယူမယ့် အကြောင်းလည်း ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org