မူးယစ်မှောင်ခိုတွေ ဖမ်းဆီးပေးဖို့ မြန်မာနဲ့ တရုတ်ကို ထိုင်း တောင်းဆို
ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မုူးယစ်ဆေး ဝါးမှောင်ခိုကုန်သည် ၁ဝ ဦးကို ဖမ်းဆီးပေး ဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကို ထိုင်း တရားရေး ဝန်ကြီး ပိုင်ဘွန်း ကူးချာယာက တောင်းဆိုလိုက်ပါတယ်။
-
2015-01-17 -
-
-
ထိုင်းမြန်မာနယ်စပ်အနီးမှာ မြန်မာကျပ်ငွေ သိန်း ခြောက်သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူအပါအဝင် ဆက်စပ်ပစ္စည်းတွေ သြဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိစဉ်
Photo: Aung Moe Myint / RFA
ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မုူးယစ်ဆေးဝါးမှောင်ခို ကုန်သည် ၁ဝ ဦးကို ဖမ်းဆီးပေးဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေကို ထိုင်း တရားရေးဝန်ကြီး ပိုင်ဘွန်း ကူးချာယာက တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီ ထိုင်းလူမျိုး မူးယစ်မှောင်ခိုကုန်သည်တွေဟာ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက် ဖြစ်ကြပြီး၊ ယာဘ ခေါ် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတွေ အဓိက မှောင်ခိုသယ်ဆောင်နေကြ တာဖြစ်ပါတယ်။
သူတို့ဟာ အလွန်အရေးကြီးတဲ့ မူးယစ်မှောင်ခိုတွေဖြစ် ကြပြီး၊ အခုအခါ မြန်မာနဲ့ တရုတ် ပြည်တွင်းကို ဝင်ရောက်တိမ်းရှောင် ပုန်းအောင်းနေကြတယ်လို့ ယုံကြည်ရကြောင်း ထိုင်း တရားရေးဝန်ကြီးက ပြော ပါတယ်။
အဲ့ဒီ မူးယစ်မှောင်ခိုတွေရဲ့ အမည်စာရင်းကို ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးက ကြေညာထားပြီး၊ ဖမ်းဝရမ်းလည်းထုတ်ပြန်ထားပါတယ်။