လောက်ကိုင်က ထိုင်းနိုင်ငံသားတွေပြန်ခေါ်ဖို့ ထိုင်း ဒု-ရဲချုပ် မြန်မာနိုင်ငံသွားမည်

ဟိုတယ်တစ်ခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ ထိုင်းနိုင်ငံသား ၂၉ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ မြန်မာအာဏာပိုင် တွေက ကယ်ထုတ်နိုင်ခဲ့ပြီးနောက်ထပ် ၁၃၃ ယောက်ကို ထပ်မံကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသော ထိုင်းဒု-ရဲချုပ် Surachate Hakparn ။ AFP

မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့က တရုတ်နိုင်ငံသားပိုင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ဖမ်းမိထားတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကို နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် ထိုင်းဒုတိယရဲချုပ် Pol Gen Surachate ဟာ နိုဝင်ဘာ ၆ ရက် တနင်္လာနေ့မှာ မြန်မာနိုင်ငံကို သွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဟိုတယ်တစ်ခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ ထိုင်းနိုင်ငံသား ၂၉ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ မြန်မာအာဏာပိုင် တွေက ကယ်ထုတ်နိုင်ခဲ့ပြီးနောက်ထပ် ၁၃၃ ယောက်ကို ထပ်မံကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်း ဒု-ရဲချုပ်ဟာ ရန်ကုန်မှာ မြန်မာအာဏာပိုင်တွေနဲ့တွေ့ပြီး ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးပြီးတဲ့နောက် အဲဒီထိုင်းနိုင်ငံသားတွေကို ယာယီထားရှိတဲ့ နေရာကိုသွားပြီး သူတို့နဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

အဲဒီထိုင်းနိုင်ငံသားတွေကို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်းကတစ်ဆင့် တရုတ်နိုင်ငံကူမင်းမြို့ကို အရင်ပို့မှာဖြစ်ပြီး ကူမင်းကမှ ထိုင်းနိုင်ငံထဲကို လေယာဥ်နဲ့ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်း ဒုရဲချုပ်က ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org