ထိုင်းငါးဖမ်းလှေကို မြန်မာရေတပ် ပစ်ခတ်နှစ်မြုပ် ထိုင်းအစိုးရ ငြင်းဆို

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့ရေပိုင်နက် ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းငါး ဖမ်းလှေ နှစ်စီးကို မြန်မာ့ ရေတပ်ကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့တဲ့အတွက် လှေတစ်စီးနှစ်မြုပ်သွားခဲ့တယ် ဆိုတဲ့ သတင်းဟာ မှားယွင်းကြောင်း၊ နစ်မြုပ်ခဲ့တဲ့လှေဟာ မတော် တဆ နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန် ငြင်း ဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြ ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းငါးဖမ်းလှေ နှစ်စီးကို မြန်မာ့ ရေတပ် ကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့တဲ့အတွက် လှေတစ်စီးနှစ်မြုပ်သွားခဲ့တယ် ဆိုတဲ့ သတင်းဟာ မှားယွင်းကြောင်း၊   နစ်မြုပ်ခဲ့တဲ့လှေဟာ မတော်တဆ နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ က ကြေညာချက်ထုတ်ပြန် ငြင်းဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ဇူလိုင်လ ၁၁ ရက် သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး၊ အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့ ကို စုံစမ်းတဲ့အခါ၊ ထိုင်းငါးဖမ်းလှေဟာ မြန်မာရေတပ်က ပစ်ခတ်လို့ နစ်မြုပ်သွားခဲ့တာ မဟုတ်ကြောင်း၊ အဖြစ်မှန် က မြန်မာကင်းလှည့် ရေတပ်သင်္ဘောဟာ ထိုင်းငါးဖမ်းလှေတွေကို ဖမ်းဆီးဖို့ လှေတစ်စီးနဲ့ ဘေးချင်းယှဉ်ရပ်လိုက်ချိန်မှာ စုပ်အားတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အတွက် ထိုင်းလှေနစ်မြုပ်ခဲ့ရတာဖြစ်ကြောင်း၊ အခင်းဖြစ်မှုမှာ ထိုင်းလှေပေါ်က လှေသားတွေ ကို မြန်မာရေတပ်သားတွေ ကူညီကယ်ဆယ်ခဲ့ပြီး၊ ထိုင်းဘက်ကို ဆက်သွယ်အကြောင်း ကြား ခဲ့ကြောင်း၊ ထိုင်းလှေတွေ ကို ကူညီဖို့အတွက် ထိုင်းရေတပ်က မြန်မာ့ရေပြင်အတွင်း ဝင်ခွင့်တောင်းခဲ့ရာမှာ တနင်္ဂနွေနေ့က ခွင့်ပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နစ်မြုပ်ခဲ့တဲ့လှေပေါ်မှာ မြန်မာနိုင်ငံသာ ၁၉ ဦးနဲ့ ထိုင်းနိုင်ငံသားတစ်ဦးပါဝင်ပြီး၊ ထိခိုက်ဒဏ်ရသူ မရှိဘူးလို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org